အရှုံးပေါ် နိုင်ငံပိုင် ရေကြောင်းပို့ဆောင်ရေး အသုံးစရိတ် လျော့ပြီ

11 views
Skip to first unread message

Nyi Nyi ÂŽ

unread,
Jun 9, 2011, 12:36:48 PM6/9/11
to travelmyanmar
့ရန်ကုန် (မဇ္ဈိမ) ။       ။ အရှုံးပေါ်နေသော နိုင်ငံပိုင် ရေကြောင်း ပို့ဆောင်ရေး လက်အောက်ရှိ ရေကြောင်း ခရီးစဉ်များတွင် ခေါက်ရေ လျော့ချခြင်းနှင့် သင်္ဘောငယ်များ အစားထိုး ပြေးဆွဲမှု ဇွန်လ ၁ ရက် မှ စတင် လျော့ချလိုက်သည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အငယ်တန်း အရာရှိတဦးက ပြောသည်။

“ရန်ကုန်-ပုသိမ် နေ့စဉ်ဆိုရင် အခု တပတ် ၃ ရက်၊ ကျုံမငေးဆိုရင် အရင်က အကြီးနဲ့ တပတ် ၃ ရက် ထွက်တယ် အခု သင်္ဘောအသေးနဲ့ တပတ် ၃ ရက် အဲ့လိုတွေ လျှော့လိုက်ရတယ်”ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

စက်သုံးဆီပမာဏ ထိန်းချုပ်မှုကြောင့် လူစီးနှင့် ကုန်တင်သင်္ဘော ခရီးစဉ်များ သုံးပုံတပုံကျော် လျှော့ချလိုက်ရသည်ဟု သူက ပြောသည်။

ဧရာဝတီတိုင်း ဒေသအသီးသီးသို့ ရေလမ်းခရီးဖြင့် သွားလာသည့် စရိတ်စကသည် ကုန်းလမ်းခရီးဖြင့် သွားလာခြင်းထက် အနည်းဆုံး ငါးဆမှ ဆယ်ဆနီးပါးအထိ ကွာခြားမှု ရှိသည်။
 
“ပုသိမ်ကို ရိုးရိုးကားတောင် ကားခ ၄,ဝဝဝ၊ ၄,၅ဝဝ၊ အိတ်စပရက်စ် ဆို ၇,ဝဝဝ ကျော်တယ်။ သင်္ဘောက ၉ဝဝ မပြည့်ဘူးလေ။ အဲ့တာ ခရီးသည် နားနေဆောင်မှာပဲ တရက်အိပ်ပြီး စောင့်နေလိုက်တာ” ဟု ရန်ကုန်-ပုသိမ် သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါမည့် သူတဦးက ပြောသည်။

လျော့ဈေးဖြင့် တမင် ပြေးဆွဲပေးနေသော ပို့ဆောင်ရေး ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်း၏ အသုံးစရိတ် လျှော့ချမှု အစီအစဉ် ဖြစ်ကြောင်း အခြားဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

“ပြီးခဲ့တဲ့ လဆန်းလောက်ကတည်းက ဝန်ကြီးအစည်းအဝေးမှာ ဌာနအသုံးစရိတ်လျှော့ဖို့ သတ်မှတ်တယ်၊ တန်ဆာခ၊ လူစီးခတွေ မြှင့်မလား ညှိနှိုင်းအစည်းအဝေး လုပ်သေးတယ်၊ နောက်မှ အခုလို ဆီကိုတာဖြတ်ဖို့  သတ်မှတ်လိုက်တာ” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မူလအစမှာ ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် IRRAWADDY FLOTILLA Co., Ltd ဖြစ်ပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဇွန်လ ၁ ရက် တွင် “ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့”  ၁၉၇၂ ခုနှစ် မတ်လ၁ ရက်တွင် “ ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း” ၁၉၈၉ ခုနှစ် ဧပြီလ ၁ရက်တွင် “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး” စသဖြင့် အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

Aung Kyaw Thu

unread,
Jun 9, 2011, 1:32:08 PM6/9/11
to travel...@googlegroups.com
ကိုညီရေ ...စိတ်ဝင်စားစရာဘဲ ၊ Basic Commodity & Transport တွေဈေးတက်တော့ အခြေခံလူတန်းစားတွေကို အဓိက အကျိုးသက်ရောက်မှု့ တွေရှိလာမယ်။ Demand & Supply မမျှတမှု့ တွေဖြစ်လာရင် အကျိုးဆက်တွေကလည်း အများကြီးဘဲ။ ကုန်စည်အဓိကစီးဆင်းမှု့ လမ်းကြောင်းက Inland Water Transport ဘဲ ၊ အဖြေတစ်ခုခုတော့ ရှာဖို့ လိုမယ်ထင်တယ်။


2011/6/9 Nyi Nyi ÂŽ <nyi...@gmail.com>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

Nyi Nyi ÂŽ

unread,
Jul 21, 2011, 4:04:14 AM7/21/11
to travel...@googlegroups.com

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏သင်္ဘောခနှုန်းများ နှစ်ဆမြင့်တက်မည်ဟု သိရ

၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ သင်္ဘောခနှုန်းထား များမူလနှုန်းထားထက် နှစ်ဆခန့် ပြောင်းလဲမြင့်တက်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ ရေ ကြောင်းဌာန၊ ရေယာဉ်မှူး၊ ရေယာဉ်အုပ်နှင့် တက်မကိုင်များ မွမ်းမံ သင်တန်း (၂/၂၀၁၁) သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးစိုးတင့်က ပြောကြားခဲ့ပါသည်။ “စက်သုံးဆီအတွက် ရင်းနှီးရတဲ့စရိတ်က တခြားအထွေထွေ စရိတ် (သင်္ဘောအသုံးပြုခ၊ ၀န်ထမ်း စရိတ်၊ ဆိပ်ကမ်းကပ်ခ) စတာတွေထက် ၈၅ ရာခိုင်နှုန်းပိုမိုပါတယ်။ ဆီတစ်ဂါလန်ကိုကျပ် ၁၆၀ နှုန်းနဲ့ တွက်ပြီး သတ်မှတ်ခဲ့တဲ့ လက်မှတ်နှုန်းထားတွေဟာ ၂၀၀၆ မှာဆီတစ်ဂါလန် ကျပ် ၁၅၀၀ နှုန်း၊ ၂၀၀၇ မှာ ကျပ် ၃၀၀၀ နှုန်း အခုကျပ် ၄၀၀၀ နှုန်းတွေနဲ့ အဆင့်ဆင့်တက်လာခဲ့ပေမယ့် တစ်ဂါလန်ကျပ် ၁၆၀ နှုန်းနဲ့ သတ်မှတ်ခဲ့တဲ့ လက်မှတ်ဈေးနှုန်းနဲ့ပဲ ပြေးဆွဲခဲ့ပါတယ်။  ၂၀၀၅ ခုနှစ်မှာတော့ အမြတ်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်းကစပြီး နှစ်စဉ် ကျပ်သန်း ၅၀၀၀ လောက် ရှုံးနေပါတယ်” ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန် ကြားရေးမှူး ဦးစိုးတင့်က ဆိုသည်။ ထို့ကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သင်္ဘောများသည် တစ်ရက်လျှင် စက်သုံးဆီဂါလန် ခုနစ်သောင်းခန့် ရရှိနေမှုမှ တစ်ရက်လျှင် စက်သုံးဆီဂါလံ ငါးသောင်းသို့ လျှော့ချလိုက်၍ ခရီးစဉ်အများစု၏ ပြေးဆွဲသည့် ခေါက်ရေများကို လျှော့ချခြင်း၊ အချို့ကို ခရီးစဉ်လိုင်းရပ်နားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ “စက်သုံးဆီကို လျှော့ချလိုက်မှုကြောင့် ခရီးစဉ်ခေါက်ရေ လျှော့မှုတွေ၊ လိုင်းရပ်နားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အတွက် ခရီးသည်တွေ အဆင်မပြေဘဲ ခရီးသည်၊ ကုန် နဲ့သင်္ဘော မမျှတတဲ့ အနေအထားမျိုး ရှိတယ်” ဟု ကုန်မျိုးစုံအ၀ယ်တော် ဖြစ်သူ ဦးကျော်လင်းက ဆိုသည်။ “သြဂုတ်လ ၁ ရက်နေ့ကစ ပြီးတော့ လက်မှတ်ဈေးနှုန်းတွေ တက်ပါမယ်။ ပန်းဆိုးတန်း-ဒလ လို ရန်ကုန်တစ်ဖက်ကမ်းကူး ကူးတို့လိုင်းတွေမှာတော့ မူလနှုန်း ကျပ် ၁၀၊ ၂၀ ကနေကျပ် ၅၀ ကို တိုးမှာပါ၊၊ တခြားလိုင်းတွေမှာလည်း မူလထက်နှစ်ဆ ပြောင်းလဲမှာပါ” ဟု ၎င်းက ပြောပြခဲ့ပါသည်။ နှုန်းထား အသစ်ကို မကြာမီ ကြေညာမည်ဟု ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

2011/6/10 Aung Kyaw Thu <akt...@gmail.com>



--
Nyi Nyi

Nyi Nyi ÂŽ

unread,
Aug 1, 2011, 1:37:48 AM8/1/11
to travel...@googlegroups.com
Myanmar doubles domestic ferry fare

YANGON (Xinhua) -- The Myanmar inland water transport authorities started on Monday to charge at a double rate for domestic waterway ferry fare as for consigned parcel goods service.
 
A total of 300 passenger vessels are operating on scheduled ferry services across the country.
 
Meanwhile, Myanmar is upgrading the Yangon port to raise freight handling capacity, carrying out a project of expanding the port which handles 70 percent of the country's import and export goods.
 
The Yangon Port expansion project is to be completed within three years.
 
According to official figures, a total of 41 small and large jetties at Yangon port can yearly handle 6,800 vessels of Inland Water Transport and private-owned vessels on arrival and 6,885 vessels for departure.
 
Moreover, the port authorities has also planned to construct a 7.26km long four-lane road including a railroad between Strand Road and Yangon River to ensure no traffic congestion of trucks and container trucks moving on the Strand Road.
 
The Yangon port is among the nine sea ports in the country.

Reply all
Reply to author
Forward
0 new messages