ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်အသုံးပြုနိုင်ပြီ

5 views
Skip to first unread message

Nyi Nyi ®

unread,
Nov 28, 2011, 12:55:03 PM11/28/11
to travelmyanmar
ယခုလ ၂၃ ရက်နေ့မှ စတင်၍ ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါ ဝိုင်ဖိုင်ဇုန်ကို တည်ဆောက်ပေးခဲ့သည့် Red Link ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ဝိုင်ဖိုင်ဇုန်၌ အင်တာနက် အမြန်နှုန်း 512 Kbps ကို ၂၄ နာရီ အပြည့် ထုတ်လွှင့်ပေးထားကြောင်း သိရသည်။ “လောလောဆယ်တော့ ပိုက်ဆံမပေးရသေးဘူး။ နောက်ပိုင်း ပိုက်ဆံကောက်ခံမယ်၊ ပိုက်ဆံမကောက်ဘူးဆိုတာတော့ မသိသေးဘူး။ သုံးချင်တဲ့ လူကတော့ Password နေရာမှာ Admin ဆိုပြီး ထည့်သွင်းလိုက်ရင် အခမဲ့အသုံးပြုနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ ရွှေဆံတော်ဘုရား၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် အခြားသော အထင်ကရ နေရာများ၌လည်း ဝိုင်ဖိုင်ဇုန်များ ဆက်လက်တည်ဆောက်သွားရန် လုပ်ကိုင်နေကြောင်း ဝိုင်ဖိုင်အင်တာနက်စနစ်ကို စတင်အသုံးပြုနိုင်ခဲ့သည့် ပုဂံဒေသသည် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားသည့် အရပ်ဒေသတစ်ခုဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖြော်ပထားပါသည်။  "

Myo

unread,
Nov 29, 2011, 12:08:14 AM11/29/11
to travel...@googlegroups.com
ကျွန်တော်ဒီနေ့မနက် အသုံးပြုခဲ့ရပါသည်။ အစမို့လားမသိ connection တော်တော်လေးကောင်းပါသည်။

myomyanmarguide

2011/11/29 Nyi Nyi ® <nyi...@gmail.com>
ယခုလ ၂၃ ရက်နေ့မှ စတင်၍ ပုဂံလေဆိပ်၌ ဝိုင်ဖိုင်အင်တာနက်စနစ်ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါ ဝိုင်ဖိုင်ဇုန်ကို တည်ဆောက်ပေးခဲ့သည့် Red Link ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။ အဆိုပါ ဝိုင်ဖိုင်ဇုန်၌ အင်တာနက် အမြန်နှုန်း 512 Kbps ကို ၂၄ နာရီ အပြည့် ထုတ်လွှင့်ပေးထားကြောင်း သိရသည်။ “လောလောဆယ်တော့ ပိုက်ဆံမပေးရသေးဘူး။ နောက်ပိုင်း ပိုက်ဆံကောက်ခံမယ်၊ ပိုက်ဆံမကောက်ဘူးဆိုတာတော့ မသိသေးဘူး။ သုံးချင်တဲ့ လူကတော့ Password နေရာမှာ Admin ဆိုပြီး ထည့်သွင်းလိုက်ရင် အခမဲ့အသုံးပြုနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ ရွှေဆံတော်ဘုရား၊ အာနန္ဒာဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် အခြားသော အထင်ကရ နေရာများ၌လည်း ဝိုင်ဖိုင်ဇုန်များ ဆက်လက်တည်ဆောက်သွားရန် လုပ်ကိုင်နေကြောင်း ဝိုင်ဖိုင်အင်တာနက်စနစ်ကို စတင်အသုံးပြုနိုင်ခဲ့သည့် ပုဂံဒေသသည် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားသည့် အရပ်ဒေသတစ်ခုဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖြော်ပထားပါသည်။  "

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

Nyi Nyi ®

unread,
Nov 29, 2011, 12:48:17 PM11/29/11
to travel...@googlegroups.com
thanks for your feedback!!!

Nyi Nyi ®

unread,
Dec 13, 2011, 12:11:02 PM12/13/11
to travel...@googlegroups.com
ပုဂံဒေသမှာ အင်တာနက် အခမဲ့သုံးနိုင်ဖို့ ဝိုင်ဖိုင်( WiFi) ဇုန်တွေ ထပ်မံတိုးချဲ့သွားမယ်လို့ Red Link ကုမ္ပဏီမှ သိရပါတယ်။ ‘ပုဂံလေဆိပ်၊ ဗူးဘုရား၊ ရွှေဆံတော်နဲ့ အာနန္ဒာဘုရားတွေမှာ ဝိုင်ဖိုင်ဇုန်လေးခု အခမဲ့ ပေးထားတယ်၊ နောက်ထပ် နှစ်နေရာ တိုးချဲ့မယ်၊ လက်ရှိက ဘာမှ မကောက်ခံသေးဘူး၊ နောက်ပိုင်းတော့ ကြိုတင်ငွေပေးကတ်နဲ့ပဲ သုံးခွင့်ပေးတာမျိုးလဲ ဖြစ်သွားနိုင်တယ်’ လို့ Red Link Communication မှ ကိုမျိုးမြင့်ညွန့်က ပြောပါတယ်။ ပုဂံမှာ ဝိုင်ဖိုင်ဇုန်လေးခုကို နိုဝင်ဘာလကစပြီး အခမဲ့ သုံးခွင့်ပေးခဲ့တာပါ။ နောက်ထပ် အသစ်ထပ်တိုးချဲ့မယ့် သဗ္ဗေညုနဲ့ ရွှေစည်းခုံ ဘုရားနေရာတွေမှာလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်။ နောက်ထပ်တိုးချဲ့မယ့် နေရာတွေမှာလည်း အခမဲ့သုံးစွဲခွင့် ပြုသွားမှာပါ။ အဲသည် နေရာတွေမှာ ဝိုင်ဖိုင်နဲ့ အင်တာနက် သုံးမယ်ဆိုရင် password ကို admin လို့ရိုက်ထည့်လိုက်တာနဲ့ သုံးစွဲနိုင်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါတယ်။

Myo

unread,
Dec 14, 2011, 5:19:45 AM12/14/11
to travel...@googlegroups.com
ပုဂံ ရွှေစည်းခုံဘုရားနဲ့ ရွှေဆံတော် ဘုရားတို့မှာ (Wi-fi) သုံးလို့
ရခဲ့ပါတယ်။ ရွှေဆံတော်မှာ သုံးရတာ လိုင်းဆွဲအား ပိုကောင်းပါတယ်။ ဒါပေမယ့်
ပုဂံလေဆိပ်ထဲမှာကြတော့ လိုင်းလုံးဝမကောင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ
မည်သည့်အရာကိုပဲ အကောင်အထည်ဖော်ဖော် ရေရှည် ကောင်းအောင် အကောင်အထည်
ဖော်နိုင်ရင် တော်တော်လေး အဆင်ပြေမှာပင်။ အခုအကောင်အထည်ဖော် သိပ်မကြာခင်
အဲဒီစနစ်ပျောက်သွား။ လုပ်ငန်း အကောင်အထည်စဖော်ဖို့ သုံးစွဲရတဲ့
ငွေကြေးတွေ တော်တော်လေး နှမြောစရာပင်။ ပြီးခဲ့သည့်အပတ်က GMS
အစည်းအဝေးနှင့် တပြိုင်တည်း ပုဂံတွင် ညဈေး (Night Bazaar) ကို
ဗူးဘုရားတွင် အကောင်အထည် ဖော်ခဲ့ကြသည်။ အကောင်အထည် ဖော်စဉ်ကတော့
တော်တော်လေးအဆင်ပြေသား။ သိပ်မကြာပါ။ နောက် ဆက်ရက်ခန့် ထပ်ရောက်သွားသောအခါ
ထို ဈေးတန်းမရှိတော့ပါ။ ထိုဈေးတန်းအတွက် ဗူးဘုရားလမ်းကို
ကွန်ကရစ်ခင်းထားသည့် ကုန်ကျစရိတ်၊ ဈေးဆိုင်တန်းများအတွက်
ကုန်ကျစရိတ်များကို တော်တော်လေးနှမြောစရာပင်။ ထို့အတူ ၀ိုင်ဖိုင်( Wifi)
ကိုလည်း ကောက်ရိုးမီးကဲ့သို့ မဟုတ်မူပဲ ရေရှည် တည်တန့်သွားနိုင်ပါစေလို့
ဆုတောင်းမိပါသည်။

မျိုးမြန်မာ (ဧည့်လမ်းညွှန်)

> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.

> To view this discussion on the web visit
> https://groups.google.com/d/msg/travelmyanmar/-/0EDhdGshzekJ.

Reply all
Reply to author
Forward
0 new messages