မုဒုံ ကော့ပရံ ကျေးရွာတွင် မွန် ရှေးဟောင်း ကျေးရွာ သမိုင်း ပြတိုက် အဖြစ် ပထမဆုံးဖွင့်လှစ်

43 views
Skip to first unread message

Thomas Latt

unread,
Nov 25, 2009, 10:38:16 PM11/25/09
to travel...@googlegroups.com

မုဒုံ ကော့ပရံ ကျေးရွာတွင် မွန် ရှေးဟောင်း ကျေးရွာ သမိုင်း ပြတိုက် အဖြစ် ပထမဆုံးဖွင့်လှစ်


မော်လမြိုင်ခရိုင် မုဒုံမြို့နယ်မှ သုံးမိုင်ခန့် အကွာတွင် တည်ရှိသော ကော့ပရံကျေးရွာ၊ ရွာဦးဘုန်းတော် ကြီးကျောင်းတွင် ပထမဆုံး မွန်ရှေး ဟောင်း ကျေးရွာသမိုင်းပြတိုက် အဖြစ် ရှေးဟောင်းပစ္စည်း အမျိုးပေါင်း ၂၀၀ ခန့် စုစည်း ထိန်းသိမ်း ဖွင့်လှစ် ထားကြောင်း သတင်းရရှိသည်။ ''၂၀၀၃ခုနှစ် အောက်တိုဘာလ က သမိုင်း ညွှန်ကြားရေးမှူး ဦးစံဝင်း နဲ့ ဒေါ်ခင်ဝင်းကြူ၊ ဦးနိုင်ဝင်းတို့ ကောင်းကင်မြေပုံ နဲ့အတူ ရောက်လာ ကြပြီး ကော့ပရံမြို့ဟောင်း မြို့ရိုး၊ ဂ၀ံစေတီ၊ ဂ၀ံရုပ်ပွား၊ ဂ၀ံအုပ်တွင်းခွက်ကို လေ့လာ မှတ်တမ်းတင်သွား ကြပါတယ်။ ထိုင်းနဲ့ ဂျပန်နိုင်ငံက လည်း လာကြတယ်။ နှစ်စဉ် နိုင်ငံ ခြားသား ၃၊ ၄ ဖွဲ့လောက်လာလေ့ ရှိပါတယ်။ လာလေ့လာတဲ့အခါ လွယ်ကူအောင် ကျေးရွာထဲက ရသမျ ရှေးဟောင်းပစ္စည်းတွေကို မပျောက် ပျက်အောင် ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့နှစ် မွန်အမျိုးသားနေ့မှာ ဖွင့်လိုက်ပါ တယ်''ဟု ဆရာတော်ဦးသုမနက ရှင်းပြပါသည်။

အဆိုပါ ပြတိုက်တွင် ကဏန်း ပရိုင်းမိတ်၊ ရှေးဟောင်းစာပါ အုတ် ချပ်များ၊ ဂ၀ံစေတီ၊ ဂ၀ံရုပ်ပွား၊ ဂ၀ံ အုတ်ထွင်းခွက်များ၊ မြေအိုးများ၊ ရှေး ဓားများ၊ မွန်အသုံးအဆောင်များ၊ ကြေးမောင်း၊ ကျွန်းသေတ္တာ(စဥ့် သုတ်)စသည်တို့ကို ထိန်းသိမ်းထား သည်ဟု သိရသည်။ မွန်ပြည်နယ် တွင် ရှေးဟောင်းဘုရား၊ စေတီ ဘုန်းကြီးကျောင်းတို့တွင် ဒေသထွက် ရှေးဟောင်းပစ္စည်းများ ရှာဖွေစုဆောင်းကာ ပြတိုက်သဖွယ် ထိန်းသိမ်းထားမှုများ ရှိခဲ့သော်လည်း ကျေးရွာများတွင် ယခုကဲ့သို့ မွန်ရှေးဟောင်း ပစ္စည်းများ စုဆောင်းရှာဖွေထိန်း သိမ်းထားခြင်းသည် ပထမဆုံးဖြစ်ကြောင်း ဦးမင်းခင်မောင်လေး(ပြည်နယ် ရှေးဟောင်း သုတေသန)က ပြောပါသည်။

Reply all
Reply to author
Forward
0 new messages