နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီကမည်သို့အလုပ်လုပ်မည်နည်း
18 views
Skip to first unread message
Nyi Nyi ÂŽ
unread,
Nov 24, 2011, 11:15:10 PM11/24/11
to travel...@googlegroups.com
မှန်ပါတယ်။ တာချီလိတ် အဝင်အထွက်လုပ်တဲ့နေရာ၊ ကျိုင်းတုံ ခရီးစဉ်၊ မြစ်ကြီးနား ဗန်းမော် နဲ့မန္တလေးလမ်းခရီး၊ ကော့သောင်းဖက်အခြမ်းတွေမှာ လူဝင်မှုကြီးကြပ်ရေးတို့၊ ပြည်သူ့ရဲတပ်ဖွဲ့လိုမျိုး အစိုးရအဖွဲ့အစည်းတွေက ယခင် ကက(ကြည်း) ပါမစ် နဲ့လာရောက်လည်ပတ်သူတွေနဲ့ပက်သက်လို့လွန်စွာအလုပ်ရှုပ်တယ်လို့ပြောကြပါတယ်။ ဧည့်သည်တွေက သူ့ဟာသူဝင်လာရင် ဒီမှာလုပ်ပေးလိုက်ရင်အလွယ်လေးလို့လည်းပြောဘူးပါတယ်။ ကုမ္ပဏီတို့၊ဧည့်လမ်းညွှန်တို့နဲ့ပက်သက်လာရင် တာဝန်ယူမှုပိုကြီးလို့ဖြစ်ပါလိမ့်မယ်။ နောက်တစ်နည်းကတော့ အလွယ်တကူလဘ်ပေးလဘ်ယူလုပ်နိုင်တာမျိုးရှိလို့ သူ့ဟာသူဝင်လာတဲ့ဧည့်သည်တွေကိုကြိုက်ကြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဥပမာ - အရင်က ကော့သောင်းက MTT မန်နေဂျာ (လက်စွပ်ကြီးအကြီးကြီးဝတ်ထားတာပဲမှတ်မိပါတော့တော့၊ သိတဲ့သူများလည်းသိကြမှာပါ) ကျနော်တို့ရန်ကုန်ဘက်ကဆင်းလာတဲ့ဧည့်သည်တွေဆိုနည်းမျိုးစုံနဲ့ရစ်ပြီးတော့၊ ထိုင်းနိုင်ငံ ရနောင်းဘက်ကဝင်လာသူတွေကတော့အတော်လေးအဆင်ပြေခဲ့ဘူးပါတယ်။ ပါမစ်နဲ့လာတဲ့သူတွေဆို လဝက ကအစသတိပြုမိနေလေတော့ တစ်ခါတစ်ခါဆို ညတောင်အိပ်ရေးဝဝအိပ်လို့မရအောင်ဖုန်းတွေဆက်ပြီး မေးခွန်းတွေတစ်လှေကြီးမေးတတ်ပါတယ်။ ဘယ်ကိုသွားတယ်၊ ဘာတွေလုပ်တယ်။ ဘာအတွက်လာတယ်ဆိုတာကအစ။ ဒီလိုလုပ်နိုင်တာကလည်း သူတို့အလွယ်တကူမေးမြန်းလို့ရတဲ့မြန်မာစကားပြောတဲ့ဧည့်လမ်းညွှန်ရှိနေလို့ပဲဖြစ်ပါတယ်။ ဧည့်လမ်းညွှန်မပါတဲ့နိုင်ငံခြားသားကြတော့မေးလို့မြန်းလို့အဆင်မပြေတော့ ဒီအတိုင်းလွှတ်ထားလိုက်ကြဟန်လည်းတူပါတယ်။ တရားဥပဒေအရ ဟန်ချက်ညီညီသတင်းပို့သွားလာကြသူတွေကအဆင်မပြေဖြစ်ကြရပါတယ်။ မြန်မာနိုင်ငံကတည်ဆဲဥပဒေအရ တရားဝင်ပြည်ဝင်ခွင့်ဗီဇာရရှိထားသူတွေဟာ ခွင့်ပြုထားသည့်မည်သည့်နေရာတွင်မဆိုလွတ်လပ်စွာသွားလာခွင့်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လက်တွေ့မှာဒီလိုမဟုတ်ဘူးဖြစ်နေတတ်ပါတယ်။ ဥပမာ - မြစ်ကြီးနားကနေလိုင်ဇာဘက်အထွက်တံတားမှာ ဆိုနိုင်ငံခြားသား (မျက်နှာဖြူ) တွေကဧည့်လမ်းညွှန်နဲ့အတူ သတင်းပို့နေတဲ့အချိန်ဆန့်ကျင်ဘက် အခြမ်းကလမ်းမှာတော့တရုတ်ကကားတွေ၊လူတွေကတော့အတားအဆီးမရှိ ဥဒဟိုသွားလာနေတာကိုမြင်ဘူးပါတယ်။ ဘယ်သူကတရားဝင်ခရီးသွားနေသလဲ၊ ဘယ်သူ့ကိုပိုပြီးစည်းကျပ်မှုတွေလုပ်နေလဲဆိုတာစဉ်းစားစရာပါ။
ဒီတော့အဆင်ပြေအောင်လုပ်တဲ့အလုပ်တွေက နှစ်ဦးနှစ်ဘက်(အစိုးရဝန်ထမ်းနဲ့ခရီးသွားလုပ်ငန်းမှလူတွေ) အဆင်မပြေဖြစ်နေတယ်ဆိုတာကို သတိပြုမိပြီးနိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီဆိုသည်က ဒီလိုကိစ္စတွေကိုဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲဆိုတာမေးခွန်းထုတ်လိုပါတယ်။
( I changed the subject line, pls discuss about this issue under နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီကမည်သို့အလုပ်လုပ်မည်နည်း so this will be able to navigate readers as well as writers. )
2011/11/22 Myo <myomyan...@googlemail.com>
မနေ့က ကျွန်တော် အတွေ့အကြုံတစ်ချို့ရခဲ့ပါသည်။ ရွှေညောင်-အောင်ပန်း
ခရီးစဉ်ကို ရထားစီးပြီး အောင်ပန်း-ကလောခရီးစဉ်တွင် လမ်း မြင်းမထိဂူကို
လည်ရန်ဖြစ်ပါသည်။ ရွှေညောင်-အောင်ပန်းခရီးစဉ်အတွက် ရထားလက်မှတ်ကို
ကြိုတင်ဖုန်းဆက်သော်လည်း မရပါ။ လူကိုယ်တိုင် လာမှ ရမည်ဆိုသဖြင့်
တရက်ကြိုပြီး ဧည့်သည်များထားခဲကာ ရွှေညောင်သို့
လူကိုယ်တိုင်သွားပြီးသတင်းပေးရပါသည်။ တကယ့်တကယ် ရထားစီးသောအခါ
ကျွန်တော်ရှေ့တွင် ကိုယ့်အိတ်ကိုယ်ထမ်း (Back Packer) တစ်ဦးအား မည်သည့်
စစ်ဆေးမှုမှမရှိပဲ လက်မှတ်ထုတ်ပေးပြီး ကျွန်တော့်အလှည့်ရောက်သောအခါ
နောက်နောင်ခရီးစဉ်များအတွက် စာတင်ရန်ပြောပါသည်။ ကျွန်တော်လည်း
ခေါင်းငြိမ့်ရုံးမှတပါးမရှိ။ မြင်းမထိဂူဝင်မည် ဆိုသော်အခါ
အထက်မှညွှန်ကြားထားသည် ဆိုပြီး ခရီးစဉ်မိတ္တူအတင်းတောင်းပါသည်။
အပိုပါမလာလို့ မထားခဲ့ရသော်လည်း ခရီးသည်များရှေ့တွင် သိပ်အဆင်မပြေခဲ့ပါ။
myomyanmarguide
On 11/21/11, winzaw oo5 <winz...@gmail.com> wrote:
> ဟုတ်ကဲ့ ဒီနေ့ဘဲတရားဝင် စာပို့ပြီးမေးထားပါသည်။
> ကိုခိုင်ဦးဆွေ ရုံးရွေ့စဉ် မပါဝင်ပါ။ မှားရေးမိပါသည်။
> ၀င်းဇော်ဦး
>
> 2011/11/21 Myo <myomyan...@googlemail.com>
>
>> နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီကို မည်သို့မည်ပုံဆက်သွယ်
>> ရမည်၊ မည်ကဲ့သို့ အလုပ်လုပ်မည်ကို ကျွန်တော်တို့ သိသင့်ပါသည်။ တကယ်လို့
>> အခက်အခဲ တစုံတရာ ဖြစ်ပေါ်ခဲ့ရင် မည်ကဲ့သို့ ကူညီမည်ကိုလည်း သိချင်ပါသည်။
>>
>> myomyanmarguide
>>
>> On 11/20/11, winzaw oo5 <winz...@gmail.com> wrote:
>> > ၁၀.၁၁.၂၀၁၁ တွေ့ဆုံကြမှု၊၁၁.၁၁.၂၀၁၁တွေ့ဆုံမှု
>> > တို့နှင့်ထပ်တူအရေးပါမှုတခုတွေ့ဆုံကြသည်။
>> > ၁၈.၁၁.၂၀၁၁-Yunan 2 ,Mandalay,
>> > ကိုရဲမြတ်ထွန်း၊ကိုဂလန်းသာစတန်၊ကိုညီညီလွင်၊ကိုအောင်နိုင်ဦး၊Ma Thanda
>> > Oo၊ကိုဝင်းဇော်ဦးတို့
>> > ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
>> > ဆွေးနွေးပွဲအပြီးရလာဒ်ကောင်းများနှင့်ယုံကြည်ချက်များတည်ဆောက်နိုင်ကြသည်။
>> > -Hot News ဂျာနယ် ထဲမှဆောင်းပါး
>> > -သတင်းနှင့်ပြန်ကြားရေးကော်မတီမှ ထုတ်ဝေနေသောစာ
>> > -သတင်းစာပါကြေငြာချက်ကိုအတွင်းရေးမှူးမှပြန်ကြားချက်
>> > -The Voice ဂျာနယ်မှခြေစွပ်ပုံ
>> > -DVB မှ သတင်း
>> > -ဒေါ်ဌေးဌေးတင်၊ကိုထွန်းထွန်းဦး၊ကိုဆွေဦး၊ကိုထွန်းမြတ်၊ကိုခိုင်ဦးဆွေ
>> > တို့ ၏ရုံးခန်းပြောင်းရွှေ့ပေးကြခြင်း။
>> > နောက်တပတ်-
>> > - The Voice
>> > -
>> > -
>> > -
>> > -
>> >          ကဲ စပြီ။ ဇီးစေ့ဖြင့်အဆက်မပြတ် ပစ်ပေါက်ကြစို့။
>> >  ကိုနေ၀င်းဦး --အသင်းရုံးခန်းနှင့်အမြန်ဆက်သွယ်ပေးပါခင်ဗျား....
>> > လေးစားစွာ-
>> > ၀င်းဇော်ဦး
>> >
>>
>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.
--
Nyi Nyi
Myo
unread,
Nov 25, 2011, 9:28:38 AM11/25/11
to travel...@googlegroups.com
ကျွန်တော်နားလည်သလောက်တော့ နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီက နိုင်ငံခြားသားများကို မည်သို့မည်ပုံအကူအညီပေးမည်ဆိုတာထက် ဧည့်လမ်းညွှန်များကိုပဲ လက်ထောက်ကြည့်နေတာကို မြင်နေရပါတယ်။ မနှစ်က ကျွန်တော် ရွေးကောက်ပွဲကာလက မြစ်ကြီးနားကို ရောက်ခဲ့ဘူးပါတယ်။ ကျွန်တော့နောက်က PAJERO မှန်အနက်ကြီးတွေကာထားတဲ့ ကားတစ်စီးက နေ့ခင်းကြောင်တောင် မီးထိုးပြီး သွားလေရာ လိုက်နေတာကို ကြုံခဲ့ရပါတယ်။ နေ့ခင်းပိုင်း ၀ိုင်းမော်မှာ ထမင်းစားတော့ မြောက်ပိုင်းတိုင်း စစ်ဗျူဟာမှူး (ကျွန်တော်နာမည်မမှတ်မိတော့ပါ) နယ်မြေလှည့်ရင်း ကျွန်တော့်အဖွဲ့ကို တွေ့ရာက စကားဝင်ပြောပါတော့တယ်။ သူက စကားဝင်ပြောရင်း နောက်နေ့ ရွေးကောက်ပွဲနေ့မှာတောင် ဓါတ်ပုံရိုက်တာကလွဲလို့ မဲရုံးတွေကို ၀င်လည်လို့ရတယ်လို့ နှုတ်ကတိပေးပါတယ်။ အခက်အခဲတစုံတရာရှိရင် ပြောပါဆိုတော့ ကျွန်တော့်ဧည့်သည်တွေက တနေ့လုံး PAJERO ကားတစ်စီးက လိုက်နေတာစိတ်အနှောက်အယှက်ဖြစ်ရကြောင်း တိုက်ရိုက် ပြောလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့အခေါ် အဘက သူကြည့်ရှင်းလိုက်မယ် ဆိုပြီး ဘယ်လို လုပ်လိုက်တယ် မသိပါဘူး။ မွန်းလွဲပိုင်းမှာ နောက်က ပါမလာတော့ပါဘူး။ ကျွန်တော်နောက်ကို လိုက်နေခဲ့တာက ရဲတပ်ဖွဲ့ကပဲ ဖြစ်ပါတယ်။ ညပိုင်း ၁၁ နာရီလောက်မှာ ကျွန်တော်တည်းခိုနေတဲ့ဟိုတယ်ကို ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ရောက်လာပြီး ကျွန်တော်ကို တွေ့ချင်ကြောင်းပြောပါတယ်။ ကျွန်တော် အနားယူချိန်မတွေ့နိုင်ကြောင်း၊ နောက်နေ့မနက်စောစော ဟိုတယ်ကို ပြန်လာခဲ့စေချင်ကြောင်းပြောတော့ ကျွန်တော့်ကားဆရာကို ည ၂ နာရီထိုးကြီးသွားနိုးပြီး ဘာဖြစ်လို့ အဘကို တိုင်လိုက်တာလဲ ဆိုပြီး မေးပါတော့တယ်။ ကားဆရာကလဲ ဧည့်သည်နှင့် အဘ တိုက်ရိုက်ပြောကြတာဖြစ်ကြောင်း ပြောတော့ မကျေမနပ်နဲ့ ပြန်သွားကြပါတယ်။ အဲဒါ ဘာကို ပြတာလဲဆိုတော့ လုံခြုံရေး၊ အထက်ကို သတင်းပို့ရမယ် ဆိုပြီး လိုတာထက်ပို အာဏာပြခဲ့တာပါပဲ။ ကြက်တူရွေးကတော်တော် မယ်တော်က ကဲကဲပါပဲ။ ပြီးခဲ့တဲ့အပတ်က မြင်းမထိဂူအသွားလမ်းမှာ ခရီးစဉ်တောင်းတာကိုလဲ စဉ်းစားကြည့်ကြပါ။ ဒီကလောသွားလမ်းမှာ နိုင်ငံခြားသားတွေ ဥဒဟိုသွားနေတာဘာမှ မဖြစ်ပဲ ဒီမြင်းမထိဂူကို သွားတဲ့လမ်းမှာမှ အထက်ကို တင်ပြဖို့ဆိုပြီး ခရီးစဉ်တောင်းတာ အဓိပ်ပါယ်ရှိမရှိ စဉ်းစားကြည့်ပါ။ ကျွန်တော်မှာ ကလောမှာ မိတ္တူကုးပြီး ဆိုင်ကယ်တက္ကစီနဲ့ ပို့ခိုင်းလိုက်ရပါတယ်။ အခုလဲ ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ ခေတ်နောက်ပြန်ဆွဲတဲ့ တယူသန် အာဏာများနဲ့ ကျွန်တော်တို့ ဧည့်လမ်းညွှန်များကိုပဲ မျက်စိဒေါက်ထောက်ကြည့်နေတာ တော်တော်လေးဆိုးပါတယ်။ နိုင်ငံခြားသားများ အဆင်ပြေဖို့ အမျာဆုံးကြုံရတဲ့ လေဆိပ်မှာ တန်းစီပြီး ပိုက်ဆံလဲရတဲ့ဒုက္ခ၊ ပိုက်ဆံနွမ်းတာ လက်မခံတဲ့ကိစ္စ၊ ဒီနိုင်ငံအတွင်းရောက်ပြီးမှ ပြည်တွင်းလေယာဉ်စီးနင်းရန်အတွက် ပတ်စ်ပို့ထုတ်ပြရတဲ့ကိစ္စ၊ နိုင်ငံအတွင်းမှာ တရားဝင်လိုက်စင်ယူးပြီး လိုက်လံပြသနေတဲ့ ကျွန်တော်တို့ ဧည့်လမ်းညွှန်များကိုပဲ တဖက်သက် အမြင်စောင်းနေတဲ့ကိစ္စတွေကို ဖြေရှင်းသင့်ပါတယ်။ ကျွန်တော်ရောက်ဖူးတဲ့ ပြည်ပနိုင်ငံတွေထဲက ထိုင်းနိုင်ငံ Grand Palace မှာဆိုရင် သူတို့နိုင်ငံသား ဧည့်လမ်းညွှန်ကလွဲလို့ ကျွန်တော်တို့လို အဖွဲ့ခေါင်းဆောင် (tour leader) ကိုတောင် စကားပေးမပြောပဲ သူ့နိုင်ငံသား ဧည့်လမ်းညွှန်တွေကိုပဲ နေရာပေးတာမြင်တော့ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ဧည့်လမ်းညွှန်များကို စစ်လားဆေးလား လုပ်ရင်း ဧည့်သည်များ ထိုင်စောင့်နေရလို့၊ ခရီးစဉ်နောက်ကျကုန်တာတိုနဲ့ တခြား အချိန်ကို လုပြီး ပြသရမည့် အရာများ လွဲခဲ့သည်ရှိသော် နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီက နိုင်ငံခြားသားများ အဆင်ပြေလွယ်ကူစေရေးမဟုတ်တော့ပဲ နိုင်ငံခြားသားကို မနှောင့်နှေး နှေးအောင် ပြုလုပ်နေတာနဲ့ပဲ တူပါလိမ့်မယ်။
ကျွန်တော်ကြုံတွေ့နေရာတာတွေထက် ပိုပြီး ကြုံနေရတဲ့ ကျွန်တော် အကို၊ အမများလည်း ဒုနဲ့ဒေးပါ။ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတာက Policy တစ်ခုကို ဖြစ်သင့်တာထက် ဖြစ်ချင်တာဦးစားပေးပြီး အကောင်အထည်ဖေါ်နေတာပါပဲ။ အဲဒီတော့ မူဝါဒ (Policy) ချမှတ်သူဟာ သူရေးဆွဲမယ့် လုပ်ငန်းနဲ့ပါတ်သက်ပြီး ကျွမ်းကျင်တက်မြောက်ဖို့၊ နားလည်ဖို့က အရမ်းအရေးကြီးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မူဝါဒချမှတ်သူဟာ လုပ်ငန်းနဲ့ပါတ်သက်လို့ မရင်းနှီး မကျွမ်းဝင်နေခဲ့ဘူးဆိုရင်တောင် နိုင်ငံတော်က အကောင်အထည် ဖော်နေတဲ့ ဒီမိုကရေစီနည်းစနစ်အတိုင်း အများရဲ့ ဆန္ဒခံယူပြီး အကောင်အထည် ဖော်သင့်ပါတယ်။ အခုဖြစ်နေတာက ကျွန်တော်တို့ ဧည့်လမ်းညွှန်များ အရမ်းအလုပ်များတဲ့ တကယ့်ရာသီအချိန်ကြီးမှာ ဘယ်လိုမှ ပြေးမလွတ်အောင် ဘေးကျပ်နံကျပ်နဲ့အခက်အခဲဖြစ်အောင် အကောင်အထည်ဖော်နေသလိုပါပဲ။
မျိုးမြန်မာ (ဧည့်လမ်းညွှန်)
2011/11/24 Nyi Nyi ÂŽ <nyi...@gmail.com>
khin thidar
unread,
Nov 25, 2011, 10:32:36 AM11/25/11
to travel...@googlegroups.com
မောင်လေးရေ Domestic flight တခုက ဆင်းပြီးရင် ပါသမျှအိပ်တွေ X' Ray ပြန်ဖြတ်နေရတာလဲ နားကိုမလည်နှိုင်အောင်ပါဘဲ  Airport Tax ပေးထားပြီးသားလဲ လေယာဉ်လိုင်းတွေက အိပ်သယ်ခ တောင်းလိုတောင်း ကျွန်တော်တို.လေယာဉ်ပေါ်တင်ရမှာမို.တဲ. မတင်ချင်လဲချသာချခဲ.လို.ပြောလိုက်ချင်တယ်  Company တွေက ၁အိပ် ၃၀၀ ပေးရတာတောင် များလှတယ်ထင်ကြတာ
2011/11/25 Myo <myomyan...@googlemail.com>
ဖရမ်ကိ ထွန်း
unread,
Nov 25, 2011, 10:35:12 PM11/25/11
to travel...@googlegroups.com
အစ်မခင်ဗျာ
လေယာဉ်လိုင်း တွေက အိပ်သယ်ခတောင်းတယ်ဆိုတာ ကို သေသေချာသချာပြောပြစေလိုပါတယ်
ကီလို ကျော်လို့ တောင်းတာလား သက်ဆိုင်ရာလေဆိပ် (၀ါ)လေကြောင်းလိုင်း  ပေါ်တာ က တောင်းတာလား
ရှင်းပြပေးစေလိုပါတယ်
 ကျေးဇူးပါခင်ဗျာ
2011/11/25 khin thidar <gorose....@gmail.com>
khin thidar
unread,
Nov 26, 2011, 8:06:55 AM11/26/11
to travel...@googlegroups.com
လေကြောင်းလိုင်းပေါ်တာက တောင်းတာဖြစ်ပါတယ်ရှင် လဘက်ရည်ဘိုးပေးခဲ.ပါဆိုတာ တမျိုး အပြင်မှာပေးခဲ.ပြီပြောတော. ကျွှန်တော်တို.က လေယာဉ်ထိသယ်ပေးရမှာပြောတာကတဖုံပါ
စကားစပ်မိလို.ဆက်ပြောရဦးမယ်ဆိုရင် Nov 11 နေ.မနက် ၈ နာရီကပါ  ရန်ကုန်-ဟဲဟိုး လေယာဉ်နဲ.ဟဲဟိုးရောက်တော. ဧည်.သည်အိပ် (အလူမီနီယံ သေတ္တာအဖြူ) ဒေါင်.လဲ တော်တော်ကွဲသွားပါတယ် ဧည်.သည်က တော်တော်လေးကို သဘောကောင်းတဲ.လူတွေမို. ဘာမှပြသနာမရှာပါဘူး
Nov 22 စစ်တွေ လေယာဉ်ကွင်းမှာ စစ်တွေ-သံတွဲ-ရန်ကုန် ၂နာရီ၃၀ လေယာဉ် အတွက် Check-in လုပ်တဲ.နေရာမှာ လူတွေအတော်များပြီး ဘာမှန်းမသိတဲ.အလုပ်တွေလဲတော်တော်ရှုပ်ပါတယ်
အဲဒါကတော. လေကြောင်းလိုင်းနဲ.မဆိုင်ပါဘူး  Dep: ခန်းထဲမှာ ရှုပ်နေတာပါ  ခဏကြာတော. အမဧည်.သည်ရဲ. ရင်ပတ်မှာချိတ်ထားတဲ.နေကာမျက်မှန် ပျောက်သွားပါတယ် ကျပျောက်သလား ဘာလားတော.ဘုရားဘဲ သိပါလိမ်.မယ်
အဲဒါနဲ. လေယာဉ်ကွင်းက ရဲကိုအကြောင်းကြားပါတယ်  ကျေးဇူးပြုပြီး ကောက်ရတဲ.သူများရှိမလားအော်ပေးပါလို. သွားပြောတာပါ  ဘာမှ လုပ်မပေးပါဘူးရှင်  ဆိုင်းဘုတ်ပေါ်မှာတော. နိုင်ငံခြားသားများကိုကူညီပါလို.ရေးထားပါတယ်
သူတို.စုံတွဲက ကံတူအကျိုးပေးလို.ပြောရမလားဘဲ  သူ.မိန်းမက  Nov 14 ရက်နေ.က အင်းလေးကန် ရေပြင်ပေါ်မှာ Lunch on the Lake အစီစဉ်နဲ. နေ.လည်စာစားရင်း နေကာမျက်မှန်ေ၇ထဲပြုတ်ကျသွားပါတယ် စားသေါက်ဆိုင်လှေက လူတွေက မျက်မှန်နစ်သွားပြီပြောလို. ကျွှန်မလဲ နှမြောတာကြောင်. ဒီမျက်မှန်က ဒေါ်လာ ၁၅၀- ၂၀၀ လေါက် တန်တယ် ဆယ်လို.ရရင် တော. ဆယ်ပေးပြီး အကြောင်းကြားပါလို.မှာခဲ.ပါတယ်
အဲဒီညက ကျွန်မတို.က ပုဂံ ရောက်ပါပြီ   ညမှာ အင်းလေးက ဖုန်းဝင်လာပါတယ်  မျက်မှန်ပြန်တွေ.ပြီ တံငါသည်ခေါ်ဆယ်ရလို. မုန်.ဘိုး ၅၀၀၀- တသေါင်းတော.ပေးရမယ် ပြောပါတယ်   ဒါနဲ. ၁၀၀၀၀ ပေးမယ် မျက်မှန်ကို ကျွန်မတို. Company လူကြုံနဲ.ထဲ.ပေးပါ  မရှိရင် ကျွန်မသူငယ်ချင်း ပြင်သစ်ဂိုက် ဒေါ်ကြည်ကြည်စိန် နဲ.ထဲ.ပေးပါလို.ပြောပါတယ်  သူငယ်ချင်းကိုလည်း ငွေ တသေါင်းစိုက်ပေးပြီး ယူလာဘို.ဖုန်းဆက်လိုက်ပါတယ်
နောက်နေ. ဒေါ်ကြည်ကြည်စိန် မျက်မှန်သွားယူတော. ဒေါ်လာ ၁၀၀ ပေးမှ ပြန်ပေးနှိုင်မယ်တဲ. ဘာလို.ဆိုတော. ကျွန်မက ဒီမျက်မှန်က ဒေါ်လာ ၁၅၀-၂၀၀ တန်တယ် ပြောသွားလို. တံငါသည်က ဒေါ်လာ၁၀၀ ပေးမှ ပြန်ပေးတော.မယ်ပြောတယ်တဲ.
အဲဒီတော. သေတ္တာကြီးကွဲ  မျက်မှန် ၂ လက်ပျောက် သွားတဲ.  ကျွန်မဧည်.သည် ကို  နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီက ဘယ်လိုများ ကူညီနှိုင်မယ်မသိပါဘူးရှင်။
အဲဒီဧည်.သည် နက်ဖန် ညနေမှ ထွက်မှာပါရှင်။
2011/11/25 ဖရမ်ကိ ထွန်း <frank...@gmail.com>
Nyi Nyi ÂŽ
unread,
Nov 26, 2011, 1:49:02 PM11/26/11
to travel...@googlegroups.com
ဟုတ်ပါတယ် အခုနေရာတော်တော်များများမှာ May I help you အစား May I Help Tourist လို့ပြောင်းထားပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက် Tourist Unit ကိုနိုင်ငံခြားသားယောင်ဆောင်ပြီးဖုန်းဆက်မေးသလိုဖြစ်နေဦးမယ်။ ပိုက်ဆံအိပ်ပျောက်လို့ပါဆိုပြီးဗိုလ်ချုပ်ဈေးကဆက်တာဟိုဖက်ကဘာပြန်ဖြေတယ်မသိ။ ကိုသောင်းရေ အတွေ့အကြုံလေးတွေ ရှဲပါဦးဗျာ။
May I help you ကရောချလို့ရမယ်။ May I help Tourist ဆိုတော့.. အင်း .. စဉ်းစားစရာ။ ဒါပေမဲ့ တစ်ချို့ tourism ကလူတစ်ချို့လည်းပြည်ထဲရေးရုံးမှာစာသွားသင်ပေးနေရတာတော့မှတ်မိတယ်။ လုပ်တော့လုပ်ပါတယ်။ အဆိုးမြင်သလိုဖြစ်နေမှာစိုးလို့စောင့်ကြည့်ရမယ်လို့ပဲ ပြောရတော့မယ်။ tourism လို့ပြောလိုက်တာနဲ့အားလုံးကဆက်စပ်နေတတ်တာကိုလူကြီးမင်းတို့လည်းသတိပြုမိကြမှာပါ။ ရဲကရဲအလုပ်၊ လဝက က လဝကအလုပ်ရယ်လို့မရှိတော့ပဲ အစိုးရဌာနတွေရဲ့ပေါင်းစည်းနိုင်တဲ့၊ဟန်ချက်ညီညီ (တစ်ဌာနကနေတစ်ဌာနဘောလီဘောမပုတ်ပဲ) နဲ့လုပ်ပေးနိုင်မှဖြစ်မယ့်သဘောရှိပါတယ်။ နိုင်ငံခြားသားများ အဆင်ပြေလွယ်ကူရေးကော်မတီလို့ပြောရင် ဒီလိုအစိုးရဌာနတွေ၊ ဥပမာ ယဉ်ကျေးမှုဝန်ကြီးဌာန၊လူဝန်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေး၊ စသဖြင့်ချိတ်ဆက်နိုင်ဖို့လိုပါတယ်။ ဘယ်လိုလုပ်ထားသလဲလို့မေးချင်ပါတယ်။ ပြဿနာကြီးမှလူကြီးကိုဖုန်းကောက်ဆက်လို့ပြေလည်တာမျိုးထက် ဘောင်နဲ့စည်းနဲ့အလွယ်တကူချိတ်ဆက်ဖြေရှင်းနိုင်ဖို့လိုပါတယ်။
ဒီနေရာမှာ နည်းပညာအကူအညီတွေလည်းလိုတယ်လို့ထင်ပါတယ်။ ဥပမာ ရန်ကုန်လေဆိပ်ကဝင်လာတဲ့လူစာရင်းကိုမြန်မာပြည်အနှံ့မဟုတ်ရင်တောင်ဧည့်သည်တွေသွားတတ်တဲ့နေရာတွေမှာ နာမည်ရိုက်ထည့်လိုက်တာနဲ့ကျန်တဲ့ဗီဇာနံပါတ်လိုမျိုးကပါအလိုလိုပေါ်လာရမယ်။ ဒါဆိုမလိုအပ်ပဲ ခရီးကြန့်ကြာတာမျိုးတွေရှောင်ရှားနိုင်မယ်။ ဒါဆို မြန်မာပြည်ရဲ့သတ်မှတ်ထားတဲ့ဝင်/ထွက်ပေါက်ဘယ်နေရာကမဆိုဗီဇာရှိရင်လွတ်လပ်စွာ ဝင်/ထွက်သွားလာနိုင်မယ်။ paper work တွေလျော့လာမယ်။ accuracy မြင့်လာမယ်။ ကြားတာပြောပါ့မယ် (ကြားတာပါ) ထိုင်းနိုင်ငံက ဝန်ကြီးတစ်ယောက် တာချီလိပ်ပေါက်ကဝင်လာပြီးကျိုင်းတုံလည်ပါသတဲ့။ ပြန်ထွက်တဲ့ရက်မှသိသွားလို့ ဌာနဆိုင်ရာကလူကြီးတွေဒေါသပုံထပြီးနောက်ပိုင်းဝင်ထွက်သမျှတွေကိုစည်းကျပ်တော့တာမျိုးတွေလည်းမလိုတော့ဘူးပေါ့ဗျာ။ နိုင်ငံတော်အဆင့်အလုပ်လုပ်ကြမယ်ဆိုရင်ကျနော်ပြောတာလေးတွေကအသေးအမွှားလေးတွေလို့မြင်ပါတယ်။
မလုပ်နိုင်စရာလည်းမရှိဘူးလို့ထင်ပါတယ်။ ဝန်ထမ်းတွေကိုလစာကောင်းကောင်းပေး။ ပညာရှင်တွေမွေးထုတ်။ မကောင်းဘူးလား။
အလျင်းသင့်လို့ပြောချင်ပါတယ်။ နိုင်ငံခြားသားများအဆင်ပြေလွယ်ကူရေးကော်မတီဆိုတာ သကြားအုပ်ထားတာလား၊ တကယ်လုပ်တာလားဆိုတာမရှင်းပါဘူး။ တကယ်လုပ်တယ်ဆိုရင် အင်မတန်သိမ်မွေ့ပြီးခက်ခဲတဲ့အလုပ်ဖြစ်လို့တော်ရုံတန်ရုံဝန်ထမ်းနဲ့မပြီးဘူးဆိုတာလေးတော့လည်းသတိချပ်စေချင်ပါတယ်။ သကြားအုပ်ထားတာဆိုရင်လည်းဘယ်လိုရည်ရွယ်ချက်မျိုးရှိသလဲ။ ထရောဂျန်မြင်းထားသလိုဖြစ်နေမလားလို့လည်းတွေးမိပါတယ်။ ပြဿနာတွေရှိခဲ့ဘူးလို့တိုးရစ်တွေ(သို့)ဂိုက်တွေ(သို့)နှစ်ခုစလုံးကိုမယုံလို့ဆိုရင်လည်း ထဲထဲဝင်ဝင်နီးစပ်တဲ့အလုပ်လုပ်နေတဲ့သူတွေကိုချပြပြီးဆွေးနွေးတိုင်ပင်ပြီးအဖြေရှာစေလိုပါတယ်။ ဆဲလ်တွေမွေးသလိုလုပ်တာကတော့ အရင်ကဗျုရိုကရက်ယန္တယားကြီးကိုအသက်သွင်းနေတာပဲလို့မြင်ပါတယ်။ တိုင်းပြည်တကယ်ကောင်းစားစေချင်တယ်ဆိုရင်နည်းဗျုဟာအသစ်တွေနဲ့ခရီးဆက်ဖို့လိုပါတယ်။ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတဲ့နည်းအိုကြီးတွေ၊ဆေးမြီတိုတွေကိုစွန့်ပစ်ကြပါ။ tourism ဆိုတာ သစ်လုပ်ငန်း၊ ကျောက်တွင်းနှင့်ဓာတ်ငွေ့တွေလိုငွေမဝင်ပေမဲ့တိုင်းပြည်ရဲ့သယံဇာတကိုမထိခိုင်စေပဲငွေရှာနိုင်တဲ့လုပ်ငန်း၊ တိုင်းပြည်မှာအလုပ်အကိုင်အခွင့်လမ်းတွေတိုးပွားစေတဲ့ (အလုပ်လက်မဲ့နုန်းလျော့ချနိုင်တာ၊ ဆင်းရဲမွဲတေမှုကိုကုစားနိုင်တာ) လုပ်ငန်းဖြစ်လို့ချစ်တတ်ရင်ချစ်လို့ရပြီး၊ မြင်တတ်ရင်လည်းမြင်လို့ရပါကြောင်းနှင့်  စာတွေရှည်ရင်ဖတ်ဖို့အချိန်မရတဲ့လူကြီးတစ်ချို့ကိုလေးစားသမှုပြုရင်းဒီစာကိုအဆုံးသတ်ပါတယ်။
TUN tourguide
unread,
Nov 26, 2011, 10:49:57 PM11/26/11
to travel...@googlegroups.com
အစိုးရ လူတွေ အကြောင်းတော့ပြောမနေနဲ့ ....အရည်အချင်းမပြည့်ရတဲ့ အထဲ ဦးနှောက်ကို ချုပ်ထားခံနေရသေးတာကိုး
အဲဒီတော့ ..ဘာကော်မတီလုပ်လုပ် ...ခါးတောင်းကြိုက်တခြား ဖင်တလွဲ ဖြစ်နေမှာပဲ...
အခုပိုဆိုးတယ်...နိုင်ငံခြားသားများအဆင်ပြေချောမွေ့ စေရေးကော်မတီတဲ့ ...အဆင်မပြေတဲ့ အပြင် ပိုတောင်ဆိုးလာတယ်...
သူတို့ ထဲ က ဘယ်သူက နိုင်ငံခြားသားကို ဘိုလို ဆက်ဆံနိုင်မှာလဲ
ဘယ်သူက Guide အလုပ်ကို စစ်ဆေးနိုင်မှာလဲ
ရုပ်ပြအလုပ်တွေ ......ခပ်ညံ့ညံ့တွေ ပါဗျာ....
2011/11/27 Nyi Nyi ÂŽ <nyi...@gmail.com>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/t7CZknFnpt0J.
khin thidar
unread,
Nov 27, 2011, 8:16:03 AM11/27/11
to travel...@googlegroups.com
ဒီနေ. ရွှေတိဂုံ ဘုရားတောင်ဘက်မုဒ်မှာ Uniform မ၀တ်တဲ.Guide တွေ
အပေါ်မတက်ရဘဲ ပြန်လွှတ်တယ်လို. သတင်းကြားရပါတယ် သင်တန်းကျောင်းအုပ်ကြီးနဲ.
အဖွဲ.လာစောင်.နေတယ်ကြားပါတယ်
သတင်းမှန်မမှန် စုံစမ်းကြပါဦး
Thatoe ThuZarAung
unread,
Nov 27, 2011, 7:18:50 AM11/27/11
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
ဆဲလ်တွေမွေးသလိုလုပ်တာကတော့
အရင်ကဗျုရိုကရက်ယန္တယားကြီးကိုအသက်သွင်းနေတာပဲလို့မြင်ပါတယ်။ ( like like
like ...........)
Myo
unread,
Nov 29, 2011, 12:37:09 AM11/29/11
to travel...@googlegroups.com
ကျွန်တော်ပုဂံဟိုတယ်မှာ ကပ်ထားတဲ့ Agenda စာရွက်တွေကို
ဓါတ်ပုံရိုက်လာတာပါ။ အဲဒီအဖွဲ့က နိုင်ငံခြားသားဧည့်သည်ဝင်ရောက်မှု
အဆင်ပြေရေးကော်မတီ၏ ဆွေးနွေးပွဲအကြောင်းအရာ တွေကို
သေသေချာချာများဖတ်ကြည့်ခဲ့မယ်ဆိုရင်၊ စားသောက်ပွဲ၊ ဂေါက်ရိုက်ပွဲတွေနဲ့
နေရာယူထားပြီး နိုင်ငံခြားသားများ ဘယ်လိုအဆင်ပြေမယ်အောင် စီစဉ်တဲ့
အကြောင်းအရာကတော့ တော်တော်လေးနည်းနေတာအမှန်ပင်။
မျိုးမြန်မာ (ဧည့်လမ်းညွှန်)
01.jpg
2011-11-27 08.15.46.jpg
2011-11-27 08.16.04.jpg
2011-11-27 08.16.10.jpg
2011-11-27 08.16.16.jpg
2011-11-27 08.16.26.jpg
2011-11-27 08.16.32.jpg
2011-11-27 08.16.38.jpg
Nyi Nyi ÂŽ
unread,
Nov 29, 2011, 12:46:33 PM11/29/11
to travel...@googlegroups.com
Thank you, Myo Myanmar. They should rather rephrase "tourism promotion board" or something else like that. It seems totally unfit with the word. Sigh.... I'm not having a clear understanding on what the experts in tourism have been doing in this regards. If they love Myanmar and her benefit, they should speak out in NO TIME.
Aung Din
unread,
Dec 6, 2011, 4:54:58 PM12/6/11
to travel...@googlegroups.com
Let me express my sincere belief in tourism industry as a knowledge and experience sharing person to the Industry.
Tourism is Art of Delicacy, not only a business but an effective tool to upgrade the Image of country as well as its people.  So, well trained manpower in each and every related sector, such as public, pravite and local community is vitally essential.  We can work together to build up our own capacity, but who can educate those who give us instructions, issue rules and regulations without sound technical backgrounds in the Industry.  We need only those who value professional ethic with sincerity and honesty.
Aung Din
NATURE LOVERS
Nyi Nyi ÂŽ
unread,
Dec 7, 2011, 6:38:11 AM12/7/11
to travel...@googlegroups.com
Sayar U Aung Din, thank you for your voice. Yes, we do need people who value professional ethic with sincerity and honesty.
2011/12/7 Aung Din <d.au...@gmail.com>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/9jegJ6G6F7QJ.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.
--
Nyi Nyi
winzaw oo5
unread,
Dec 12, 2011, 12:27:49 AM12/12/11
to travel...@googlegroups.com
ဆရာဦးအောင်ဒင်
မျှတပြီးအရေးပါတဲ့ဆွေးနွေးမှုပါ
ကျေးဇူးတင်ပါသည်။
လေးစားစွာ-
ဝင်းဇော်ဦး
Reply all
Reply to author
Forward
0 new messages