some advices to upgrade the image of tourist guides

1 view
Skip to first unread message

than oo

unread,
Sep 17, 2010, 10:43:43 AM9/17/10
to travel...@googlegroups.com
Dear ကိုချမ်းယိန်း၊ကို ကိုကိုလတ်၊ကိုသန်းထွန်း,,,,,
ကျွန်တော် "News Watch" ဂျာနယ် က သတင်းတစ်ပုဒ် ဖတ်မိပြီး ဂိုက်ကောင်းတွေ
အတွက်ုစိတ်မကောင်းဖြစ်မိလို. ဒီစာရေးလိုက်တာပါ။အဲဒီအထဲမှာ
ပဲခူးshwetharlyaung pagoda ဆီက customers ၀ယ်သွားလို. ကော်မရှင်ခ ကို
အဲဒီ ဘုရားစောင်းတန်းအနီးတ၀ိုက်တွင် လှည်.လည် လိုက် ရောင်းနေသော
ကလေးတွေကို ဂိုက်တွေက ကော်မရှင်ခ တောင်းခိုင်းတွေလို . ရေးထားတာ
ဖတ်မိပါတယ်။ဒါကြောင်. ကျွန်တော်တို. ဂိုက်တွေဟာ ဘုရားစောင်းတန်းက
ကော်မရှင်ကိုတောင်. မက်မောရလောက်အောင် အဲလောက်ထိ အောက်တန်းကျနေလို.လားလို
စိတ်ထဲ မကျေနပ် အရမ်းဝမ်းနည်းမိပါတယ်။အဲဒီ တောင်းခိုင်းတဲ. ဂိုက်ဟာလည်း
ကျကျနန လိုင်စင်ရ၊agent က  ဂိုက်ဟုတ်မဟုတ် သိချင်ပါတယ်။ဂျနယ်လစ်နှင်.
မီဒီယာတွေ၊ဂျာနယ်တိုက်တွေကို လည်း ဟုတ်မှန်သောတိကျသော သတင်းမှန်ကို
ဖော်ပြရေးစေချင်ပါတယ်။ဒါကြောင်. အားလုံးသော ကောင်းကောင်းမွန်မွန်
လုပ်ကိုင် နေသော ညီအစ်ကို မောင်နှစ်မ ဂိုက်တွေအားလုံး အတွက်
မယ်ဒီယာတွေကို တတ်နိုင်သလောက် သတင်းမှန်မှ ရေးကြရန်
ဖိအားပေးပြောပြစေချင်ပါတယ်။
လိုအပ်ခဲ.လျှင်လည်း အဒီဂိုက်ရဲ.နာမည်၊လိုင်စင်နံပတ်
ရှင်းရှင်းလင်းလင်းဖော်ပြပေးတာ အနာဂတ်အတွက် ပိုသင်.လျှော်ပါလိမ်.မယ်ဟု
ခံစားမိပါတယ်။member မ၀င်ရသေးပေမယ်. ဂိုက်အခမ်းနားတွေမှာ
လာလုပ်အားပေးနေကျပါ။

ကျေးဇူးတင်ပါတယ်။
တစ်စုံတစ်ရာ အမှားပါခဲ.ရင် ခွင်.လွှတ် နားလည်ပေးပါရန် တောင်းပန်အပ်ပါတယ်။
ကျော်ကျော်ဝင်း
ပြင်သစ် ဧည်.လမ်းညွှန်
ွG-6445
095121965

ကိုကျော်ကျော်ဝင်း

ခုမှဒီစာကိုပြန်ဖြစ်တာsorryပါခင်ဗျာ။ တင်ထားတဲ့postကို ဖတ်ကြည့်ပြီးကတည်းက ပြန်ရေးချင်နေတာကြာပါပြီ။ ခုလိုဧည့်လမ်းညွှန်ပီပီ တာဝန်သိသိနဲ့ ဒီအကြောင်းကို postတင်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဟုတ်ပါပြီ။ ပဋိသတ္တာစကားတွေကိုခဏထားပြီး ကျွန်တော်တို့ ဒီလိုကိုယ့်ရဲ့imageကို ထိပါးစေတဲ့ကိစ္စတွေကို ဘယ်လိုပုံစံနဲ့ ချည်းကပ်ဖြေရှင်းကြရင်ကောင်းမလားဆိုတဲ့ နဲနဲဦးနှောက်စားကြည့်ရ အောင်လား? (တစ်အချက်အနေနဲ့ ကျွန်တော်တို့ အဲဒီဂျာနယ်ကို ကိုယ်တိုင်သွားရောက်ပြီး ကိုကျော်ကျော်ဝင်း post ထဲမှာ တင်ပြအကြံပြုထားသလို အထောက်အထားတွေနဲ့ရေးသင့်ကြောင်း သွားအကြံပြုကြမလား??? ရေးတဲ့သူဟာ Sourceယူကတည်းက Street Vender တွေဆီက ပြောစကားကိုမှီပြီးရေးတယ်ဆိုကတည်းက ဒီဖြစ်ရပ်ကိုဖြစ်စေတဲ့ Tour Guide (သို့) Tour Guide လို့ယူဆရတဲ့သူကို တိတိကျကျ Identifyလုပ်ဖို့ ခက်သွားပါပြီ။ ဒါဖြင့်မဟုတ်ဘဲနဲ့ အဲလိုရေးရသလား (သို့) အယ်ဒီတာက အဲလိုရေးပြီးသားကိုထည့်ရသလား? ဆိုတဲ့ အမေးရှိနိုင်ပါတယ်။ ဒီကိစ္စမျိုးတကယ်မရှိဘူးလို့ Guideတစ်ဦးက ဒီလောက်ရုပ်ပျက်တဲ့အဖြစ်မျိုး မလုပ်နိုင်ပါဘူးလို့ ကျွန်တော်တို့ ဆိုလိုချင်ပါသလား???

ပြောရ/ကြားရတာ စိတ်မကောင်းစရာပါ။ ကျွန်တော်တို့လောကထဲမှာ ကံမကောင်းစွာပဲ အဲဒိလိုအဖြစ် တွေဟာ အရင်က ခပ်ကျဲကျဲကြားနေရာက ခုခပ်စိတ်စိတ်ကြားနေရတာအမှန်ပါပဲ။ `` ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်´´ ရတော့မှာလားလို့ မေးစရာရှိပါတယ်။ အမှန်တကယ်ပြောရရင် ကျွန်တော်တို့ ခင်ဗျားတို့ စီးလာတဲ့ လှေကြီးက အနံ့မျိုးစုံထွက်နေပြီး ဘယ်သူက ငါးခုံးမလဲဆိုတာ သဲသဲကွဲကွဲ မသိနိုင်တဲ့အခြေအနေမျိုးဖြစ်နေပါတယ်။

စိတ်ညစ်သွားသလား ကိုကျော်ကျော်ဝင်း ? မညစ်ပါနဲ့ခင်ဗျာ။ အဲဒါ ခင်ဗျားတို့ကျွန်တော်တို့ ပြောပြောနေတဲ့ ``Freedom of Media´´ရဲ့ အစလေးပဲရှိပါသေးတယ် !! နောက်ပိုင်းဒီထက်ပိုပြင်းထန် ကြီးမားတဲ့ Impact တွေကို ကျွန်တော်တို့ ကြုံကြရပါဦးမယ်။ ဒါဆိုဒီလတ်တလော သတင်းကိစ္စက Bias (ဘက်လိုက်လားဆိုစရာရှိပါတယ်။ ဘက်လိုက်ရအောင် သူရဲ့ သတင်းSourceက Street Vender ဖတ်က ဖြစ်နေတဲ့အတွက် ဖြစ်နိုင်ချေနည်းတယ်လို့ ပြောရပါလိမ့်မယ် အမှန်မှန်က……….ဒီဂျာနယ်က Street Venderတွေဆီက အဲလို ကျွန်တော်တို့အပေါ် Negative Impact ဖြစ်စေမဲ့ သတင်းရချိန် (သို့) ရေးချိန် (သို့) အယ်ဒီတာထည့်ချိန်မှာ ကျွန်တော်တို့ ဧည့်လမ်းညွှန် ညီအကိုမောင်နှမတွေထဲက အဖွဲ့လေးတစ်ဖွဲ့ဟာ ဧည့်လမ်းညွှန်သင်တန်းကျောင်းမှာ ကိုယ့်စရိတ်ကိုယ်စား၊ အခက်အခဲတွေအများကြီးကြားကနေ ကိုယ့် လုပ်ဖော်ကိုင်ဖက်ဧည့်လမ်းညွှန်တွေအတွက် ဗဟုသုတပိုရရာရကြောင်း, နောင်ဖြစ်လာမယ့် ဧည့်လမ်းညွှန် လောင်းလေးတွေအတွက် ဆောင်ရန်/ရှောင်ရန် စတာတွေကို အခမဲ့ စေတနာ အရင်းတည်ပြီး ပြော ဟော နေပါတယ်။ တချိန်ထဲမှာ အခြားဧည့်လမ်းညွှန်အချို့က ပညာဒါနကျောင်းတစ်ခုမှာ ငွေကြေးချို့တဲ့သူတွေ အတွက် သူတို့ရဲ့ Language ပညာနဲ့ အတွေ့အကြုံတွေကို ပညာဒါနဖြန့်ဝေပေးလျှက်ရှိပါတယ် ဒီလိုပဲ အခြားဧည့်လမ်းညွှန်တွေတစ်စုက တစ်ခုခုသော ကောင်းရာကောင်းကြောင်း လုပ်ကောင်းလုပ်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကျွန်တော်တို့အပေါ် အပေါင်းလက္ခဏာဆောင်နိုင်မဲ့သတင်းတွေဟာ ဂျာနယ်တွေထဲမှာ ပါမလာပါဘူး။ ဘာဖြစ်လို့ပါလဲ?

ရှင်းရှင်းလေးပါပဲခင်ဗျာ။ Media တွေဆီကို အဲလိုသတင်းမျိုးတွေ မရောက်လို့သာဖြစ်ပါတယ်ခင်ဗျား။ Media တွေက မရေးတာလို့တော့ ကျွန်တော်မထင်မိပါဘူး ``ဟုတ်ပါပြီ´´ ဘာကြောင့်ဒါတွေ သူတို့လက်ထဲ မရောက်တာလဲ? အမှန်မှန်တော့ ကျွန်တော်တို့တွေဟာ Media ကို အသုံးချလို့ကောင်းတဲ့ အစွမ်းထက်တဲ့ Tool တစ်ခုအဖြစ် ကောင်းကောင်းမမြင်တတ်သေးပဲ `` မရုပ် ၊ မလုပ် ၊ မပြုတ်     ဆိုတဲ့ အစဉ်အလာ ဥခွံကြီးထဲကနေ ကောင်းကောင်းရုန်းကန်မထွက်နိုင်ကြသေးလို့ မြင်ရပါတယ်။ Technical စကားအရဆို Media Phobia ခေါ်တဲ့ Media ကို ကြောက်ရွံ့  ထိပ်လန့်စိတ်တွေ ရှိနေဆဲပဲ ဖြစ်နေတဲ့အတွက် လူတွေကို သတင်းရရှိမှု့ မညီမျှမှုတွေဖြစ်ပေါ်တဲ့အကျိုးဆက်ကို ဘုမသိဘမသိပဲခံစားကြရတာဖြစ်ပါတယ်။ ဘယ်လို Media တွေဆီကို အပေါင်းလက္ခဏာဆောင်တဲ့ သတင်းတွေရောက်အောင်လုပ်မလဲ? ဘယ်သူကရောက်အောင် တာဝန်ယူဆောင်ရွက်ပေးမှာလဲ? ဆိုတာတွေရှိလာပါတယ်။ ဟုတ်ကဲ့။ `အပေါင်း` သတင်းတွေဖြစ်ဖို့ `အပေါင်း`တွေလုပ်မှဖြစ်ပါလိမ့်မယ်။ ဘယ်သူကလုပ်မှာလဲ?? ကျွန်မတို့/ခင်ဗျားတို့ပဲဖြစ်ပါတယ်။ သိပ်မလန့်သွားပါနဲ့ ခင်ဗျား။ ရုပ်ရုင်မင်းသားခန့်စည်သူလို  သိန်း(၃)ထောင်လောက်ပစ်လှူဖို့လုံးဝ ( လုံးဝ) မလိုပါဘူးခင်ဗျား။

( လူဖို့လည်းမရှိကြပါဘူး) ။ ကိုယ်တက်နိုင်တဲ့ကာယအား၊ ဥာဏအားလေးအချို့ကိုပဲ ကိုယ်ကိုယ်တိုင်သော် လည်းကောင်း၊ အပေါင်းလက္ခဏာဆောင်တဲ့လုပ်ရပ်တွေကို လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကိုယ်ညီအကို မောင်နှမ ဧည့်လမ်းညွှန်တွေကိုလည်းကောင်း ကူညီအားပေးဖို့ပဲဖြစ်ပါတယ်။ ဘယ်အုပ်စု၊ ဘယ်သူကိုမှဆိုပြီး ခွဲခြားသတ်မှတ်ထားတာမျိုးတွေ မရှိသင့်ဘူးလို့မြင်မိပါတယ်။

          ဒီနေရာမှာဆိုလိုချင်တာက `ကောင်းတဲ့အရာလေးတွေလုပ်ဖြစ်နေဖို့သာ`ဖြစ်ပါတယ်။ ကျွန်တော်တို့ ဧည့်လမ်းညွှန်ညီအကိုမောင်နှမတွေ စုပြီး တစ်နှစ်တစ်ခါလောက်သွေးလှူတာမကောင်းဘူးလား? ကထိန် (သို့) ၀ါဆိုသင်္ကန်းကပ်ကြတာ မကောင်းဘူးလား? ပိုတဲ့အလှူငွေတွေကို မိဘမဲ့ဂေဟာ(သို့) ဘုန်းတော်ကြီးပညာသင်ကျောင်းက ကလေးတွေအတွက် လှူလိုက်တာမကောင်းဘူးလား? သစ်ပင်စုစိုက်ကြတာ… သက်ကြီးရွယ်အိုဂေဟာတစ်ခုမှာ အားတဲ့တစ်နေ့လောက် လုပ်အားပေးတာမ ကောင်း ဘူးလား? Stress တွေဖြေဖျောက်ဖို့ ရီစရာ ဟာသလေးတွေပါတဲ့ မိတ်ဆုံညစာ စားပွဲလေးကျင်းပကြတာမကောင်းဘူးလား? ဒါကျွန်တော်စဉ်းစားမိသမျှ activities လေးတွေပဲဖြစ်ပြီး ကိုကျော်ကျော်ဝင်း စဉ်းစားမိသမျှ အခြားသော လုပ်စရာလေးတွေလည်းရှိအုံးမှာ အသေချာပါပဲ။ အဲလိုမျိုးလေးတွေလုပ်ဖို့ အဓိကလိုအပ်တာ ( ကျွန်တော်အတွေ့အကြုံများအရ) `ငွေ`မဟုတ်တာ သေချာပါတယ်ခင်ဗျား။ Guide Committee တို့၊ အများပြောပြောနေတဲ့ Guide Association တို့ ဘာတို့ဆိုပြီးသီးသန့်ကြီးမလိုအပ်လှပါဘူး။ လုပ်ချင်တဲ့စိတ်ဓါတ်ရယ်၊ နားလည်မှု့ရယ်၊ တစ်ဦးနဲ့တစ်ဦး ယိုင်းပင်းစည်းရုံးမှု့၊ ပြောရရင်ကိုယ့်လို မလုပ်နိုင်တဲ့သူတွေကို တွဲခေါ်ပေးမှု့နဲ့ ကိုယ်ထက်လုပ်နိုင် တဲ့သူတွေကို ပံ့ပိုးကူညီမှု့ပေးမှု့တို့ပဲလိုအပ်ပါတယ်။ စိတ်ချပါ။ ကိုယ်တွေရဲ့ လုပ်ရပ်တွေဟာ`ကာလ၊ ဒေသ၊ ပယောဂ` အကြောင်း (၃) ပါးနဲ့သင့်လျှော်မှန်ကန်နေပါစေ… အဲလိုလုပ်ရပ်တွေကို ဘယ်သူမှ တားဆီးပိုင်ခွင့်မရှိဘူးဆိုတာ ကျွန်တော်ဘ၀ရင်းပြီး အလောင်းအစားလုပ်ရဲပါတယ်ခင်ဗျား။

အဓိက ကျွန်တော်တို့လုပ်တဲ့ကောင်းတဲ့ပုံရိပ်လေးတွေကို `Media ` ကတဆင့်၊ လူတွေလက်ထဲ များနိုင်သလောက်များများပေးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ အများသိစေရမယ်ဆို တဲ့ဟာက လိုရင်းပါ။ ပေးပုံပေးနည်းစနစ်ကျ မှန်ကန်ဖို့၊ ပေးသူ/ရေးသူ တွေဘက်မလိုက်ဖို့ စသည့်ဖြင့်သုံးရမဲ့ `ဗျူဟာ`တွေကတော့ ရှိတာပေါ့ခင်ဗျာ။ ဟဲ ဒီလိုကျွန်တော်တို့လုပ်တဲ့ ပုံရိပ်ကောင်းလေးတွေကို `Media`သမားတွေကို ပွင့်ပွင့်လင်းလင်းအသိပေးလို့ရပါတယ်။ ကျွန်တော် တို့လည်း လူသားတွေမို့လို့ မကောင်းတာတွေကို အမြေဲမရှောင်နေနိုင်ပါဘူး။ ရှောင်နေစရာ လည်းမလိုပါဘူး။ တဖက်ကလည်း ကိုယ့်လုပ်တဲ့ မှန်ကန်တဲ့အရာတွေကို ပြောရဲ၊ ချပြရဲ ရမယ်လိုလည်း ကျွန်တော်ယုံကြည်ပါတယ်။

အဲဒီလိုပြောသင့်တာပြော၊ ရှင်းသင့်တာရှင်းပြီး “Media’’ နဲ့အတူတကွ လက်တွဲသွားလိမ့်မယ်ဆိုရင် (ပြောရရင်”Media’’ ကို အသုံးချတတ်မယ်ဆိုရင်) ကျွန်တော်တို့ဧည့်လမ်းညွှန်တွေ ဘာလဲ၊ဘယ်လဲ ဆိုတာ သူတို့သိလာပါလိမ့်မယ်။ ဒီနေရာမှာဖြတ်ပြီးပြောချင်တာက ကျွန်တော်တို့ ခင်ဗျားတို့ ဘယ်လောက် ဘယ်ပုံအကောင်းပုံရိပ်တွေ ဖော်ဆောင်ငြားလည်း Black Sheep & Black Deed တွေဟာတော့ဖြင့် ဘယ်တော့မှ၊ ဘယ်နိုင်ငံမှာမှ ဘယ်စနစ်မျိုးအောက်ရောက်စေ….. ဘယ်တော့မှ ကွယ်ပျောက်မသွားနိုင်ဘူး ဆိုတာလေးတော့ သတိတစ်ချက်ထားစေချင်ပါတယ်ခင်ဗျာ။ လမ်းဘေးဈေးသည်တွေဆီက ကော်မရှင်တောင်းတဲ့Guide တွေ (သို့) ဒီထက်ဆိုးတဲ့ အပြုအမူတွေရှိသော ဧည့်လမ်းညွှန်များ (သူတို့မှာလည်း သူတို့ Market နဲ့ သူတို့ company & (Client Type နဲ့ Price နဲ့သူတို့!!!) အကြောင်းကြောင်းကြောင့်ရှိနေပါလိမ့်ဦးမယ်။ အဲဒါ……ကျွန်တော်တို့အလုပ်မဟုတ်ပါဘူးခင်ဗျား။ လူဆိုတာ ကိုယ့်သဘောကိုယ်ဆောင်နေတဲ့အတွက် သူတို့လုပ်ရပ်တွေကို အတင်းတားဆီးခွင့် ကျွန်တော်တို့မှာမရှိပါဘူး။ (အစိုးရတိုင်းတားမြစ်ထားတဲ့အပြင် ကိုယ်တိုင်လည်းမကျူးလွန်ပါဘူးလို့ ပဋိဥဏ်ခံထားရတဲ့ Abortion ကိုယ်ဝန်ဖျက်ချခြင်းကိုတောင် ကျူးလွန်တဲ့ တစ်ဦးတစ်လေသော ဆရာဝန်တွေရှိသလိုပေါ့)…..

ကောင်းတဲ့ မွှေးတဲ့သတင်းတွေ ပိုထင်ရှားအောင်လုပ်ဖို့ပဲ ကျွန်တော်တို့ ခင်ဗျားတို့ ကြိုးပမ်း ကြရပါလိမ့်မယ်။ ဒီလိုနဲ့ ရေရှည်မှာ အဖြူနဲ့အမည်းဟာ သူဖာသာသူ တဖြည်းဖြည်းနဲ့ ကွဲပြားလာပါလိမ့်မယ်။

ဟုတ်ပါပြီ ကိုကျော်ကျော်ဝင်း ! ကျွန်တော့်မှာတော့ ပေါင်းပုံရိပ်တွေ ဘယ်လိုဖန်တီးရမလဲဆိုတာနဲ့ ဘယ်လိုသူများကို မြင်စေရမလဲဆိုတဲ့ အစီအစဉ်လေးတွေရှိပါတယ်။ အဲဒါတွေအကောင်အထည်ဖော်ဖို့ ခင်ဗျားတို့ရဲ့ ပူးပေါင်းပါဝင်မှုကို လှိုက်လှဲစွာကြိုဆိုပါတယ်။

သဘောတူရင် လက်ခုပ်တီးပြီး သဘောမကျရင် ဒေါမပွပါနဲ့ခင်ဗျာ မဖြစ်သေးဘူးထင်ရင်လည်း ကျွန်တော်အသစ်တွေတွေးပါဦးမယ်။

ကျွန်တော်ကတော့ ဂျာမန်/ အင်္ဂလိပ်လမ်းညွှန်ကိုသန်းထွန်းဦးဖြစ်ပြီး ဘယ် Guide Association ဘယ် Guide Committee ရဲ့ Member မှ မဟုတ်ပါဘူးခင်ဗျာ။ လိုအပ်တယ်လို့ ထင်တာကို ကိုယ်စိတ်နဲ့ ကိုယ့်ကိုယ် သဘောတူညီစွာ လုပ်ပေးနိုင်သလောက်လေး မျှဝေပေးနေတဲ့ သာမန် ဧည့်လမ်းညွှန်တစ်ဦးသာ ဖြစ်ပါတယ်။ ကိုကျော်ကျော်ဝင်းတို့ရဲ့ သဘောဆန္ဒတွေကို လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျ။

စကားမစပ်…… လာမဲ့ 19-9-2010 (တနင်္ဂနွေနေ့) မွန်းလွ (2)နာရီမှာ စမ်းချောင်းလမ်းထိပ်က ``ရွှေစည်တော်´´ဆိုတဲ့ Food Shop လေးမှာ ကျွန်တော်တို့ သူငယ်ချင်းအချို့ ဆုံကြပြီး ဧည့်လမ်းညွှန်တွေရဲ့ မနက်ဖြန်တွေပိုလှပစေဖို့အတွက် ဆွေးနွေးဝိုင်းလေးလုပ်ဖို့ရှိပါတယ် ။အလျှင်းသင့်ပြီး စိတ်ဝင်းစားမယ်ဆိုရင်လည်း ၀င်ခဲ့ပါဦးခင်ဗျ။…………

သင့်


        သန်းထွန်းဦး

        ဖုန်းနံပါတ် 095136484 , 095019717

        Email: tto.tg.mm@gmail.com

 

 


Ko Nyi Nyi

unread,
Sep 18, 2010, 2:29:49 AM9/18/10
to travel...@googlegroups.com
Dear Tour Guides ,

There should be a " Media Committee " in Professional Tour Guide Association .
Firstly , you should make press conference by inviting journalists to
there . They will come to get information and official statement from
you .
Then you can explain everything you want .
In this case , if you need more information , I'll be glad to help you .

Ko Nyi Nyi ( သရ၀ဏ်-ပြည် )
G/0789
nyi...@gmail.com

2010/9/17 than oo <tto....@gmail.com>:

>         Email: tto....@gmail.com
>
>
>
>
>
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit this group at
> http://groups.google.com/group/travelmyanmar?hl=en.
>

Reply all
Reply to author
Forward
0 new messages