မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်

50 views
Skip to first unread message

kyukyu tun

unread,
Nov 27, 2011, 10:54:02 PM11/27/11
to travel...@googlegroups.com
မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်
အကြွေးဝယ်ကတ် (Credit Card) စနစ်ကို ၁၉၉၇ ခုနှစ်ဝန်းကျင်တွင်
စတင်အသုံးပြုခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော
မြန်မာနိုင်ငံ၌ Online မှပစ္စည်းများ ဝယ်ယူနိုင်သည့် နိုင်ငံတကာသုံး VISA
Card ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Web Host Myanmar ကုမ္ပဏီ၏
မန်နေဂျာဦးလွင်မျိုးက ပြောပြခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း
ကျင်းပခဲ့သည့် ICT ပြပွဲတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအခါ
ကတ်အရေအတွက် ရာဂဏန်းပမာဏနီးပါး အသုံးပြုနေပြီဖြစ်ကြောင်း ၄င်းကဆက်လက်
ပြောကြားခဲ့သည်။ “ဒီကတ်နဲ့ ပြည်ပကနေ Domain တွေ၊ Hosting တွေ၊ Skype
ငွေဖြည့်တာ စတဲ့ Online Payment တွေ ဝယ်ယူအသုံးပြုလို့ရတယ်။
အစိုင်အခဲပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကနေ ဝယ်လို့မရသေးဘူး” ဟု
မန်နေဂျာ ဦးလွင်မျိုးက ရှင်းပြသည်။ အဆိုပါကတ်သည် နိုင်ငံတကာ၏
မည်သည့်နေရာတွင်မဆို ငွေထုတ်ယူနိုင်ပြီး မည်သည့်နိုင်ငံတွင်မဆို Online
မှတစ်ဆင့် ယင်းကတ်ဖြင့် ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း၊ ပြည်ပနိုင်ငံများ၌
Online မှ တစ်ဆင့် ပစ္စည်းများဝယ်ယူရာတွင် Visa, Master, Paypal အစရှိသော
ကတ်များကို အသုံးပြုနေကြကြောင်း စင်ကာပူရောက် မြန်မာအမျိုးသားတစ်ဦးက
ပြောကြားသည်။ မြန်မာနိုင်ငံတွင်မူ ယင်း VISA Card ဖြင့်
အသုံးပြုနိုင်သည့် နိုင်ငံတကာ Website များတွင် လွယ်ကူစွာ
ဈေးဝယ်ယူနိုင်ပြီး ကတ်ဝယ်ယူပြီးလျှင် ကတ်အစစ်ကို အပြင်သို့
ထုတ်ပေးခြင်းမရှိဘဲ ကတ်နံပါတ်၊ CCV Code, Expire Date တို့ကို
in...@webhostmm.net မှတစ်ဆင့် ကတ်ဝယ်ယူသူ၏ အီးမေးလ်လိပ်စာသို့
ပို့ပေးမည်ဖြစ်ကြောင်း၊ Online VISA Card လျှောက်ထားလိုပါက သုံးရက်မှ
ငါးရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ဦးလွင်မျိုးထံမှ သိရှိရသည်။ အဆိုပါ
VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ
ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး
အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့်
ချိတ်ဆက်ထားကြောင်း ၄င်းကထပ်လောင်း ရှင်းပြခဲ့သည်ဟု ၂၀၁၁ ခုနှစ်
နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

zaw myo

unread,
Nov 28, 2011, 2:41:35 AM11/28/11
to travel...@googlegroups.com
အဲ့ဒီသတင်းကို နားမလည်ဘူး ဘာကိုဆိုလိုမှန်းကိုမသိဘူး

2011/11/28 kyukyu tun <kyuk...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.




--
Best Regards,

Zaw Myo Htun
www.activatorcybercafe.com

Ko Nyi Nyi

unread,
Nov 28, 2011, 3:24:00 AM11/28/11
to travel...@googlegroups.com
အော်....ဒီလောက်ရှင်းတဲ. ဟာကို ။
နောက်တစ်ခေါက်လောက် ထပ်ဖတ်လိုက်ပါ ကို ဇာနည်ဇော်မျိုးရေ

Nyi Nyi ®

unread,
Nov 28, 2011, 3:28:59 AM11/28/11
to travel...@googlegroups.com
ကျနော်နားလည်သလိုပြောရရင်ဒီဟာကကြားထဲက ဗီဇာကဒ်မသုံးနိုင်တဲ့သူတွေကိုဝင်ဆောင်မှုပေးတာလို့ပြောလို့ရပါတယ်။ ဒါပေမဲ့တရားဝင်မဝင်ဆိုတာတော့မေးခွန်းထုတ်စရာပါ။ မြန်မာပြည်ကနေဒီ service တွေတရားဝင်လုပ်ပေးဖို့ဆိုတာ credit card ကုမ္ပဏီတွေကခွင့်ပြုမှဖြစ်နိုင်တာပါ။ သတင်းအရဆို နားလည့်ပါးရိုက်ကလေးတွေပါပါတယ်။

VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ
ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး
အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့်
ချိတ်ဆက်ထားကြောင်း ၄င်းကထပ်လောင်း ရှင်းပြခဲ့သည်

စင်ကာပူ နိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့အမေရိကန်ပြည်ထောင်စုကကုမ္ပဏီဆိုတာတွေကသမားရိုးကျဖြစ်စဉ်ကိုအကြီးအကျယ်လုပ်ထားသလိုဖြစ်နေတယ်။ သိထားသလောက်တော့ဒီလိုကြားပွဲစားပေးမလုပ်ဘူးလို့သိပါတယ်။ (ကျနော်သိတာမှားနေလျင်ပြင်ပေးကြပါ) ။ ဒီတော့မြန်မာပြည်ရဲ့လိုအပ်ချက်အရဒီအလုပ်ကိုမြင်တဲ့သူကထလုပ်တာပါ။ ဒီတော့ အလကားတော့မရဘူးပေါ့ဗျာ။ ပွဲစားခပါလာမယ်။ ပြီးတော့ ကန့်သန့်ချက်တစ်ချို့ရှိပါမယ်။ ဥပမာ ၂၀၀ ဖိုးအထက်ဝယ်ခွင့်မရှိတာမျိုးပါ။

တကယ်တရားဝင်ဘောင်ဝင်က ၂၀၁၃မှာသုံးနိုင်ဖို့ပါ။ ဒီသတင်းနဲ့တွဲပြီးဖတ်ကြည့်ပေးပါ။




2011/11/28 zaw myo <zanyz...@gmail.com>



--
Nyi Nyi

Thomas Latt

unread,
Nov 28, 2011, 9:15:26 AM11/28/11
to travel...@googlegroups.com
မြန်မာနိုင်ငံမှာ visa card သုံးလို့ မရသေး... လို့ အဓိပ္ပါယ် ရမယ်ထင်တယ်။

2011/11/28 Nyi Nyi ® <nyi...@gmail.com>
ကကြားထဲက ဗီဇာကဒ်မသုံးနိုင်တဲ့သူတွေကိုဝင်ဆောင်မှုပေးတာလို့ပြောလို့ရပါတယ်။ ဒါပေမဲ့တရားဝင်မဝင်ဆိုတာတော့မေးခွန်းထုတ်စရာပါ။ မြန်မာပြည်ကနေဒီ service တွေတရားဝင်လုပ်ပေးဖို့ဆိုတာ credit card ကုမ္ပဏီတွေကခွင့်ပြုမှဖြစ်နိုင်တာပါ။ သတင်းအရဆို နားလည့်ပါးရိုက်ကလေးတွေပါပါတယ်။
VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ
ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး
အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့်င်

Nyi Nyi ®

unread,
Nov 28, 2011, 12:23:11 PM11/28/11
to travel...@googlegroups.com
အရင်က Serge Pun & Associates (SPA) Group က ဝန်ဆောင်မှုပေးဘူးတယ်။  မှတ်မိသူတွေမှတ်မိကြဦးမယ်ထင်ပါတယ်။ ခရက်ဒစ်ကဒ်ထဲကငွေကိုထုတ်ပေးတာ။ ဝန်ဆောင်ခ ၃%လား ၄%လားမမှတ်မိတော့ဘူးဗျ။ ဒါပေမဲ့တရားမဝင်လို့ဆိုပြီးရပ်ဆိုင်းလိုက်ရတယ်။ အာဆီယံဥက္ကဌအဖြစ် ၂၀၁၄မှာယူထားတယ်ဆိုတော့ဒီကိစ္စတွေကို ၂၀၁၄ မတိုင်ခင်ဖြေရှင်းနိုင်လိမ့်မယ် (ဖြေရှင်းရလိမ့်မယ်) လို့ယူဆပါတယ်။


စကားမစပ် ဒီသတင်းဖိုင်လေးကြည့်ကြည့်ပါဗျာ။ Macquarie University ကမြန်မာပြည်ကိုအထူးပြုပြီးအနှစ်နှစ်ဆယ်လေ့လာထားတဲ့Sean Turnell နဲ့ရိုက်တာသတင်းဌာနက Tara Joseph တို့အင်တာဗျူးထားတာလေး။ မြန်မာပြည်ရဲ့စီးပွားရေးအတွက်ရင်ဆိုင်ရမယ့်အချက်တွေနဲ့ခရီးသွားလုပ်ငန်းကမြန်မာပြည်အတွက်တကယ့်ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့တကယ့်အခွင့်ကောင်းဖြစ်တယ်
ဆိုတာမျိုးနဲ့အစိုးရရဲ့ပေါ်လစီအမှားတွေကလည်းအခက်အခဲဖြစ်စေနိုင်တယ်ဆိုတာတွေပါဆွေးနွေးတင်ပြထားပါတယ်။

http://www.youtube.com/watch?v=6FJ1vggCxfU&feature=colike


zaw myo

unread,
Nov 29, 2011, 4:45:44 AM11/29/11
to travel...@googlegroups.com
ဟုတ်ကဲ့ ကိုညီေ၇ ကျွန်တော် ဒီသတင်းကို ဖတ်တာ လေးခေါက်လောက်ရှိပါပြီ။  VOICE ထဲပါထဲက အပြန်ပြန်အလှန်လှန်ဖတ်ပြီး နားမလည်လွန်းလို့ပါ။ 

၁။ မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင် အကြွေးဝယ်ကတ် (Credit Card) စနစ်ကို ၁၉၉၇ ခုနှစ်ဝန်းကျင်တွင်

စတင်အသုံးပြုခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော မြန်မာနိုင်ငံ၌ Online မှပစ္စည်းများ ဝယ်ယူနိုင်သည့် နိုင်ငံတကာသုံး VISA
Card ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Web Host Myanmar ကုမ္ပဏီ၏မန်နေဂျာဦးလွင်မျိုးက ပြောပြခဲ့သည်။

 မြန်မာနိုင်ငံသားများ VISA ကဒ် အသုံးပြုနိုင် လို့ ပြောတာလား... နိုင်ငံတကာက VISA ကဒ် ကိုမြန်မာပြည်မှာ သုံးလို့ရတယ်လို့ပြောချင်တာလား ဘာကိုဆိုလိုမှန်းကိုမသိလို့ပါ။

၂။
ဒီကတ်နဲ့ ပြည်ပကနေ Domain တွေ၊ Hosting တွေ၊ Skype ငွေဖြည့်တာ စတဲ့ Online Payment တွေ ဝယ်ယူအသုံးပြုလို့ရတယ်။

အစိုင်အခဲပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကနေ ဝယ်လို့မရသေးဘူး


အဲ့လိုဆိုတော့ ကျွန်တော်တို့ နိုင်ငံခြားက ဟိုတယ်ကို ကြိုပြီး ဘိုကင်ချိတ်တယ်။  Credit Card NO. တောင်းတယ်။  အဲ့ဒါမျိုးအတွက်ကော ဒီကဒ်ကိုသုံးလို့ရလား။ ဒိုမိန်း၊ ဟိုစတင်။ နဲ့ စကိုက်ပီအတွက်ပဲလား။

၃။
VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့် ချိတ်ဆက်ထားကြောင်း


ဒီကဒ်ထဲကို ငွေထည့်ဖို့ ကျတော့ ဘယ်လိုဆက်လုပ်ရမလဲ။
အဲ့ဒါတွေကို နားမလည်လို့ပါ။ 

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်  ဆိုတဲ့သတင်းခေါင်းစဉ်နဲ့    အောက်က သတင်းရဲ့ ဆိုလိုရင်းကလွဲနေတယ်လို့ ထင်လို့ပါ။  


မြန်မာနိုင်ငံမှာ VISA, MASTER, American Express, ကဒ်တွေသာအသုံးပြုလို့ရ၇င်တော့ Tourist တွေအတွက် တော်တော်လေးကို အဆင်ပြေပါလိမ့်မယ်။


2011/11/28 Nyi Nyi ® <nyi...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/guP29ZY2uTIJ.

To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.

Nyi Nyi ®

unread,
Nov 8, 2012, 4:10:14 AM11/8/12
to travel...@googlegroups.com

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်


ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ကမ္ဘာ့အကြီးဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် ဗီဇာသည် ဗီဇာငွေထုတ်ကတ်များကို မြန်မာနိုင်ငံ၌ တရားဝင်လက်ခံ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။ ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့် နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ဖြင့် သဘောတူညီချက်များကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ အဆိုပါဘဏ်များသည် လိုင်စင်သဘောတူညီချက် စာချုပ်နှင့်အညီ ဗီဇာငွေထုတ်ကတ်များကို ရယူသွားမည်ဖြစ်ပြီး ဗီဇာကတ်များကို ATM စက်များနှင့် Point-of-sale နေရာများတွင် လက်ခံအသုံးပြုနိုင်မည် ဖြစ်ရာ စီးပွားရေးနှင့် နိုင်ငံခြားခရီးသွား လုပ်ငန်းများတွင် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Reply all
Reply to author
Forward
0 new messages