Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ

2 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
May 20, 2013, 1:38:10 PM5/20/13
to

=====
The much-hyped reform in Burma is a counterfeit one, done to deceive
world leaders so that the trade sanctions could be lifted.
=====

အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ

မြန်မာ့သတင်း » အမေရိကန်ရောက် သမ္မတ ဦးသိန်းစိန်ကို
ပြည်ပဒီမိုကရေစီအဖွဲ့တချို့ ဆန္ဒပြ

သမ္မတ ဦးသိန်းစိန်နဲ့ Voice Of America ( VOA ) မိသားစုတွေ တနင်္ဂနွေနေ့
ညနေပိုင်းက တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ အမေရိကန်ပြည်ထောင်စုရောက်
ဒီမိုကရေစီအဖွဲ့အစည်းတချို့က ၀ါရှင်တန်ဒီစီ VOA ရုံးရှေ့မှာ
ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူ နိုင်ငံတကာ မြန်မာအမျိုးသားကွန်ဂရက်ဖေါင်ဒေးရှင်း
(IFBNC) အလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်သန်းက
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေ ပေါ်ပေါက်မလာသေးတဲ့အတွက်
ဦးသိန်းစိန်အစိုးရကို ဆန္ဒပြကြတာဖြစ်ကြောင်းပြောပါတယ်။

“သံဃာတွေကို မီးလောင်တိုက်သွင်းတယ်ဆိုတာပါမယ်၊ မဲလိမ်မဲခိုးတဲ့အစိုးရ
အလိုမရှိ၊ အတုအယောင် ဒီမိုကရေစီ အလိုမရှိ၊ ခရိုနီစီးပွားရေးစနစ်ကို
ဆန့်ကျင်ကြ၊ တရားမျှတမှုရှိတဲ့ စီးပွားရေးစနစ်ကို တည်ဆောက်ကြ၊
စစ်တပ်ဦးစီးတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို ဖျက်သိမ်းပစ်၊ စစ်အာဏာရှင်စနစ်
အမြစ်ဖြတ်ချေမှုန်းရေး ဒို့အရေး၊ စစ်မှန်သော ဒီမိုကရေစီတော်လှန်ရေး
အောင်ရမည်၊ ကြွေးကြော်သံတွေက များကြီးတော့အများကြီး”

ဆန္ဒပြပွဲမှာ US Campaign for Burma အဖွဲ့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့
အစ္စလာမ်အဖွဲ့တွေ လာရောက်ခဲ့ကြပါတယ်။

http://www.thithtoolwin.com/2013/05/blog-post_8381.html
=====

0 new messages