Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

မြေယာ စုံစမ်းရေး ကော်မရှင်မှ စစ်ဆေးနေဆဲ လယ်မြေများအား စစ်တပ်မှ အာဏာသုံးပြီး အတင်းအဓ္ဓမ ခြံဝင်းဝင်ခတ်မှုဖြစ်ပွား

1 view
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Jun 5, 2013, 8:53:05 PM6/5/13
to

====
It is the BBBFMTR USDP Armed Thugs who oppressed the poor farmers. and
who confiscated the lands of the poor farmers. While speaking about
the alleviation of poverty, the BBBFMTR USDP Armed Thugs are runnning
amok, arresting, torturing, and murdering poor farmerrs.
====

Thursday, June 6, 2013

မြေယာ စုံစမ်းရေး ကော်မရှင်မှ စစ်ဆေးနေဆဲ လယ်မြေများအား စစ်တပ်မှ
အာဏာသုံးပြီး အတင်းအဓ္ဓမ ခြံဝင်းဝင်ခတ်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ဒေသကြီး အမရပူရမြို့နယ်၊ နတ်ရေကန် ကျေးရွာအုပ်စု၊
စည်ပင်ကျေးရွာမှာ ပြည်သူ့လွှတ်တော် မြေယာစုံစမ်းရေး ကော်မရှင်မှ
မြေယာပိုင်ဆိုင်ခွင့် အငြင်းပွားမှုကြောင့် စစ်ဆေးနေဆဲ လယ်မြေများအား
စစ်တပ်မှ အတင်းအဓ္ဓမ ခြံဝင်းဝင်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု
ယင်းလယ်မြေပိုင်ရှင်များက တညီတညွတ်တည်း Myanmar News Now ကို ပြောပါသည်။

အဆိုပါ စည်ပင်ကျေးရွာ အနီးရှိ ဦးပိုင်အမှတ်(၅၈၈/ဃ)၊ အကွက် ဝဝ(၃၇)ရှိ
မြေကွက်များအား ၂၈.၅.၂၀၁၃ရက် မနက်ခင်းပိုင်းတွင် (ပပန)တပ်ရင်းမှ
ဗိုလ်မှုးချုပ်ဗိုလ်လွင်၏ ညွှန်ကြားချက်အရ ဆိုကာ မန္တလေးမြို့ နန်းတွင်း
စစ်တပ်ရှိ အရာခံဗိုလ် သိန်းနိုင်စိုးမှ စစ်ဟီးနိုးကား *3102(န)ဖြင့်
စစ်သည်ငါးဦး ခေါ်ဆောင်လာပြီး ယခုကဲ့သို့  ခြံဝင်း ဝင်ခတ်ခဲ့ခြင်း
ဖြစ်ပါသည်။

ယခုအသစ် တည်ဆောက် ပြီးစီးသွားသော စွယ်တော်ကားကြီးဝင်း စီမံကိန်း
မစတင်သေးသော အချိန် လွန်ခဲ့သော ခြောက်နှစ်ခန့်ကမှစ၍ ယင်းမြေကွက်များအား
ဝယ်ယူထားခြင်းဖြစ်ပြီး နှမ်း၊ ပဲစသည်မျာအား စဉ်ဆက်မပြတ်
စိုက်ပျိုးလျက်ရှိကြောင်း၊၊ ၂၀၁၀ ခုနှစ်တွင် ယင်းလယ်ကွက်များ အနီး၌
ကားကြီးဝင်း စီမံကိန်း စတင်ခဲ့ပြီးနောက် ယင်းလယ်မြေများ၏ တန်ဖိုးမှာ
တရှိန်ထိုးမြင့်တက်လာခဲ့ရာမှ ယခုကဲ့သို့ မြေယာပိုင်ဆိုင်မှု
အရှုပ်အရှင်းများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု ယင်းလယ်မြေပိုင်ရှင်များမှ
တညီတညွှတ်တည်း ဆိုသည်။

ယင်းမြေကွက်များ ဂရန်ချထားပေးမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး၊
ပြည်ကြီးတံခွန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်မှ ယခင် မန္တလေးမြို့တော်ဝန်ဟောင်း
ဦးဖုန်းဇော်ဟန်အား မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်
ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ အနီးရှိ. အမှတ်(၆)ရေဆိုးပစ်မြောင်း၏
တောင်ဘက်ရှိ လယ်ယာမြေများအား လန/၃၉ ချထားပေးရန် အစီအစဉ်ရှိမရှိ
မေးမြန်းခဲ့ရာ မြို့တော်ဝန်ဦးဖုန်းဇော်ဟန်မှ ၁၆.၂.၂၀၁၂နေ့ရက်စွဲဖြင့်
ယင်းလယ်မြေများအား ဂရန်ချထားပေးရန် အစီအစဉ်မရှိကြောင်း
မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် အတိအလင်း ဖြေကြားခဲ့ကြောင်း၊ သို့သော်
ယင်းလယ်မြေများမှာ ၁၈.၂.၂၀၁၁ရက်စွဲဖြင့် ဂရန်ကျလာသည်ကို တွေ့ရှိရသဖြင့်
မိမိတို့မှာ မည်သို့မျှ နားမလည်နိုင်တော့ကြောင်း
ယင်းလယ်မြေပိုင်ရှင်များမှ ပြောသည်။

“ချမပေးပါဘူးပြောတာ ၂၀၁၂၊ ၂လပိုင်း ၁၆ရက်နေ့က။ ဂရန်ထုတ်ပေးတဲ့ ရက်စွဲက
၂၀၁၁၊၂လပိုင်း ၁၈ရက်နေ့က။ အဲဒီတော့ ဂရန်ချပေးထားတာကို
မန္တလေးမြို့တော်ဝန်ကိုယ်တိုင် မသိတဲ့ သဘောဖြစ်နေတယ်။ အခု
အဲဒီဂရန်မြေကျထားတဲ့ လူတွေက ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ကြီးတွေနဲ့
တပ်မတော် ထိပ်တန်းအရာရှိတွေ ချည့်ပဲ။ မြို့တော်ဝန်ကိုယ်တိုင် ချမပေးပါဘူး
ပြောထားတဲ့ လယ်မြေတွေကို သူတို့တွေက တနှစ်လောက်စောပြီး ဘယ်လိုများ
ဂရန်ရခဲ့သလဲဆိုတာ မေးခွန်းထုတ်စရာပါ”ဟု အသက်ငါးဆယ်အရွယ် ယင်းလယ်မြေ
ပိုင်ရှင်တစ်ဦးက ရင်ဖွင့်သည်။

မိမိတို့မှ ထိုကဲ့သို့ ကိစ္စများဖြစ်ပေါ်ခဲ့သောကြောင့် လယ်ယာမြေ
စုံစမ်းရေးကော်မရှင်သို့ တိုင်တန်းခဲ့ရာ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အမတ် ဦးသိန်းထွန်းဦး ဦးဆောင်သော လွှတ်တော်
ကိုယ်စားလှယ်အဖွဲ့မှ မိမိတို့လယ်မြေပိုင်ရှင်များကို ၁၈.၉.၂၀၁၂ရက်နေ့တွင်
အမရပူရမြို့နယ်ထွေအုပ်ရုံး၌ ခေါ်ယူစစ်ဆေးခဲ့ပြီး မှတ်တမ်းများ
ယူသွားကြောင်း၊ မိမိတို့မှ လွှတ်တော်မှ ချ���ှတ်သော အဆုံးအဖြတ်ကို
စောင့်ဆိုင်း နေစဉ်ကာလအတွင်း ယခုကဲ့သို့ စစ်ကားကြီးဖြင့်
စစ်သည်များသယ်ဆောင်လာကာ အာဏာသုံး အနိုင်ကျင့်ခံခဲ့ရခြင်း ဖြစ်သည်ဟု
လယ်မြေပိုင်ရှင်များမှ ပြောသည်။

“အခု (ဝဝ)၃၄ နှင့် ၃၇ မှာ နစ်နာကြေး၊ လျော်ကြေးဘာတခုမှ ရယူထားခြင်း
မရှိတဲ့ လယ်မြေပိုင်ရှင် ခြောက်ဦးရှိတယ်။ ကျွန်တော်တို့ အနေနဲ့
မတရားလုပ်တာကို ငြိမ်မခံနိုင်ဘူး။ ဆက်လက်ရင်ဆိုင်သွားမှာပါ”ဟု
ယင်းလယ်မြေပိုင်ရှင်များ ဖြစ်ကြသော ဦးသန့်ဇင်၊ ဒေါ်မြင့်မြင့်စိန်၊
ဦးတိုး၊ ဦးလှော်၊ဦးစိုးစံနှင့် ဦးအောင်အောင်တို့မှ Myanmar News Now
ကို ပြောပါသည်။

မောင်စိုးကြီး

by Myanmar News Now


http://www.thithtoolwin.info/2013/06/blog-post_9371.html#.Ua_aupx-rHs
====

0 new messages