သင့်အွန်လိုင်းမိတ်ဆွေကို အကောင်းအဆိုး ဘယ်လို ဆန်းစစ်ကြည့်မလဲ ?

1 view
Skip to first unread message

ဧးသိမ်း

unread,
Jun 22, 2010, 3:56:14 AM6/22/10
to REAL FAMILY, Taunggyi Family (Myanmar)

10 Ways To Check If Your Online Friend Is A Bad Guy

သင့်အွန်လိုင်းမိတ်ဆွေကို
အကောင်းအဆိုး
ဘယ်လို ဆန်းစစ်ကြည့်မလဲ ?

အညွှန်း။     ။ ဒါ OSABlogger တစ်ဦးဖြစ်သူ Mr Bill Wardell က ရေးသားထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။ အွန်လိုင်းကမ္ဘာထဲ ကျင်လည်နေတဲ့ သူတွေအကြားမှာ ကြုံတွေ့လေ့ရှိတဲ့ အမှားတွေ၊ ပြင်ရန်နောက်ကျသွားတဲ့ အမှားအယွင်းတွေ ကနေ ကြိုတင်ရှောင်လွှဲနိုင်စေရန် ဖြစ်ပါတယ်။ သူရို့ဆီမှာတော့ ကျယ်ပြန့်လှတဲ့ အွန်လိုင်းကမ္ဘာကြီးဖြစ်လေတော့ အွန်လိုင်းမှာ တွေ့လာသူကို ရန်သူ၊ မိတ်ဆွေ ခွဲခြားဖို့ရာ အင်မတန် လိုအပ်ပါတယ်။ ပမာပြောရရင် နောက်ကျိနေတဲ့ ရေအိုင်ထဲက ရေသတ္တဝါတွေ လိုပါပဲ။ ခြေလှမ်းမှားတာနဲ့ ရန်သူ့ (ရေနောက်ထဲက မုဆိုး) အစားခံရမှာပါ။ ကျွန်တော်တို့ မြန်မာ အွန်လိုင်းဖရန့်များ ကြားမှာတော့ ဒီလောက် ရေမနောက်သေးတဲ့အတွက် အရေးမပါတာတွေ လာပြောနေတယ်လို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒီတော့ ကိုယ်က ရေကြည်ထဲက ငါးတစ်ကောင် နေရာကပေါ့ဗျာ။ ရေနောက်ထဲ မဝင်မိသေးခင်မှာ ရေနောက်ထဲမှာ ဆောင်ရန်၊ ရှောင်ရန်တွေ သိထားလို့ မမှားဘူး ယူဆပါတယ်။ ပြောင်းပြန် ပြန်ပြောရရင် ကိုယ့်ရဲ့ အမူအကျင့်တွေက ရေနောက်ထဲက မုဆိုးတစ်ယောက်နဲ့ အသွင်တူနေလားလို့လည်း ပြန်ဆန်းစစ်နိုင်ပါတယ်။ ရေနောက်ထဲက မိတ်ဆွေစစ်ရှာချင်တယ်ဆိုရင် အမူအကျင့်ကို သတိထားရမှာပါ။ စိတ်ဝင်စားပါက ဆက်ဖတ်ကြည့်ပါ။ ဖတ်ရလွယ်အောင် နင်၊ ငါ သုံးနှုန်းပါရစေ..

ဆိုင်ဘာ ရာဇဝတ်မှုတွေကို ရှောင်လွှဲနိုင်ကြစေရန် ရည်ရွယ်ပါတယ်...။

မူရင်းစာ။    ။
နင် အထီးကျန်ဖြစ်ဘူးလား။ တစ်ယောက်ယောက်နဲ့ စကားတစ်ခုခုလောက် ပြောလိုက်ချင်စိတ်တွေ ပေါ်ဘူးမှာပေါ့။ ဒါဆို အွန်လိုင်းပေါ်က နင့်စကားကို နားထောင်ပေးမဲ့သူ၊ ကူပီး ခံစားပေးမဲ့သူ တစ်ဦးဦးကို ရှာကြည့်ချင်မှာပဲ။ အွန်လိုင်းမှာက ချတ်ရွန်းတွေ၊ IM တွေကအစ ကမ္ဘာအနှံ့က သူတွေနဲ့ ပေးဆုံတွေ့နိုင်တဲ့ ဆားဗစ်တွေ အပုံအပင်ကိုး...အွန်လိုင်းပေါ်ကနေ အလွန်လွယ်ကူစွာ တစ်ဦးဦးနဲ့ ခင်မင်နိုင် ပီးတော့ ပိုပြီး ရင်းရင်းနှီးနှီး အကျွမ်းဝင်စေနိုင်တယ်လေ...

ဘာပဲဖြစ်ဖြစ် နင် သူ့အာဝဇွန်းမမိခင်၊ သူလှည့်ဖျားတာ မခံရခင်မှာ...ဦးဆုံးသိထားဘို့က...သူ့ကိုယ်သူ ပြောပြောနေတဲ့ "သူ" ဟာ "အမှန်အကန်" လားဆိုတာ သေချာမှ ဖြစ်မယ်။ ဒီလို ပြောလို့ စိတ်မကွက်ပါနဲ့။ အွန်လိုင်းပေါ်ကနေ တွေ့ဆုံရင်းနှီးခင်မင်ပြီး ထာဝရ လက်တွဲသွားကြတဲ့ ဇတ်လမ်းတွေလည်း အများကြီးရှိသလို...အွန်လိုင်းပေါ်က လူစိမ်းကို ယုံမိလို့ အကွက်ဆင်ခံရ၊ အလွဲသုံးစားပြုခံရ၊ အသတ်တောင်ခံရတဲ့ ဇတ်လမ်းတွေလည်း ဒုနဲ့ဒေးဆိုတာ နင် သိမှာပါ။

အွန်လိုင်းပေါ်က သူငယ်ချင်းကို ဆန်းစစ်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါရဲ့...

၁) ပြီးပြည့်စုံသော လူဟူ၍မရှိ (Nobody Is That Perfect)

တကယ်လို့ နင်တွေ့တဲ့ သူ တစ်ယောက်က ဘားမှ ပြောစရာမလိုအောင် ကောင်းနေတယ်ဆိုပါစို့.. ဒါဆို နင် ပြန်လှန် စဉ်းစားကြည့်ပါ။ ဘယ်သူမှ အောက်ပါအရည်အချင်းတွေ အကုန်လုံးနဲ့ မပြည့်စုံ နိုင်ဘူးလေ။ ဥပမာ သဘောလည်းကောင်း၊ ရုပ်ရည်လည်းချောမော၊ ပါရမီရှင်၊ ပီးတော့ ဆွဲဆောင်အားလည်းကောင်းတယ်ဆိုရင် ဒါ တစ်ခုခုတော့ မှားနေလိမ့်မယ်။ သူ့မှာ ဘာအားနည်းချက် အမှားမှ မရှိနေဘူးလား...ခဏလေး စဉ်းစားကြည့်ပါဦး..ဒါဆို သူလို ဘာမှ ပြောစရာ မလိုအောင် ကောင်းမွန် ပြည့်စုံနေတဲ့ သူက နင့်က ဘာအတွက် အလောတကြီး အွန်လိုင်းကနေ ချဉ်းကပ်လာတာလဲ ဆိုတာကိုပေါ့...။

နင့် အွန်လိုင်း သူငယ်ချင်း တစ်ဦးဦးကများ နင့်ကို ဒီလို အင်တိုက်အားတိုက်နဲ့ ပိပိရိရိ ချဉ်းကပ်နေတယ်ဆိုရင်...နင် သူ့ အပြုအမူအပေါ် ဆန်းစစ်ဘို့တော့ လိုလာပါပြီ။

၂) စကား စကား ပြောပါများ စကားထဲက ဇာတိပြ (Read Between The Lines)

အွန်လိုင်းမှာ တွေ့တဲ့သူထက်စာရင် အပြင်မှာ လူချင်းတွေ့တဲ့ သူကို အကောင်းအဆိုး ဝေဖန် ပိုင်းခြားရတာ လွယ်ပါတယ်။ သူ့ အမူအရာ၊ မျက်နှာသွင်ပြင်၊ ကိုယ်နေဟန်ထား၊ လေသံ အပြောအဆိုကနေတဆင့် သူပြောနေတာ အမှန်အကန် ဟုတ်မဟုတ် သိနိုင်တယ်လေ။ ဆိုင်ဘာကမ္ဘာထဲက အွန်လိုင်းရွာမှာတော့ နင့်အနေနဲ့...သူ သုံးနှုန်းတဲ့ စကားလုံးနဲ့ ဖြစ်မြဲကိစ္စတစ်ချို့အပေါ် သူ့လုပ်ဆောင်ချက်တွေကပဲ သူ အမှန်အကန် ဟုတ်မဟုတ် ဆန်းစစ်ခွင့် ရှိပါရဲ့..

အွန်လိုင်း သူငယ်ချင်း တစ်ယောက်ဟာ အလိမ်အညာလား ဘာလားဆိုတာ အမိဖမ်းဘို့ရာ.. သူ ပြောတဲ့ စကားတွေကို အသေအချာ အာရုံစိုက်ကြည့်ဘို့ လိုပါတယ်။ လူမျိုးရေး၊ ဘဝခံယူချက်၊ဘာသာရေး၊ အိမ်ထောင်ကွဲခြင်းအပေါ်ခံယူချက်နှင့် နင့်အတွက် အရေးပါတဲ့ တခြားကိစ္စတွေ အပေါ်မှာ သူ ဘယ်လို တုံ့ပြန်သလဲဆိုတာ စောင့်ကြည့် မှတ်သားရပါမယ်။ လူလိမ်၊ လူညာတွေဟာ ကိစ္စအမျိုးအမျိုး အတွက် မုသားမပါတဲ့စကားတွေ ကြိုမပြင်ထားနိုင်ပါဘူး။ နင် သူ့ကို စကားများများ ပြောကြည့်ရင် ပေါ်တာပါပဲ...။

၃) သူ အရမ်းဟော့နေလား (Too Hot To Handle)

တကယ်လို့ နင် မနုဿမုဆိုးရဲ့ သားကောင် မဖြစ်ချင်ရင်တော့ လိင်ကိစ္စအလို့ငှါ ပို့လာတဲ့ မက်ဆေ့ခ်ျတွေကို သတိထား ကိုင်တွယ်ရလိမ့်မယ်။ နင့် အွန်လိုင်းသူငယ်ချင်းက ဒါမျိုးမှာ အလွန်ဟော့နေတယ်ဆိုရင်တော့ တနေ့နေ့ နင့်ကို သူ့ လိင်ဝက်ဘ်ဆိုက်ကို ရောက်အောင် မျှားခေါ်လိမ့်မယ်။ နင့်ကို တန်ဘိုးထားတဲ့ သူဆိုရင် ဒီလို လုပ်မှာ မဟုတ်ဘူးနော်။

၎) သူများမကောင်းကြောင်းချည့် အတင်းကပ်တုပ်နေတတ်လား
(Rants About Almost Everything)

သူများ မကောင်းကြောင်းချည့် အတင်းကပ်တုပ်နေတဲ့ သူမျိုးနဲ့ ဆုံမိတယ် ဆိုရင်...သူ့ကို နင် သတိထား ဆက်ဆံရလိမ့်မယ်။ နင့် ရွေးလိုက်တဲ့ အွန်လိုင်းကမ္ဘာထဲမှာ သူတွေက ဒီလိုမျိုး အစိုးရမကောင်းကြောင်း၊ ဘောစိမကောင်းကြောင်း၊ တွေ့ဘူးတဲ့လူတိုင်း မကောင်းကြကြောင်း ပြောတဲ့ အသိုင်းအဝိုင်းဖြစ်နေရင် နင် နောက်သာဆုတ်လိုက်ပါ။ နင်ဟာ ဒီလို သူများတကာပေးတဲ့ အပုပ်တွေ၊ အတင်းတွေ လိုက်ယူနေတဲ့ အပုပ်ချခံ တစ်ယောက် မဖြစ်သင့်ပါဘူး။

၅) အန္တရာယ်အမြဲ လွယ်နေရတဲ့ ဘဝ (Likes To Live Dangerously)

နင့် အွန်လိုင်းဖရန့်ဟာ သူ ဥပဒေ ချိုးဖောက်တတ်တာကို ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိသလား ? လိုက်နာလို့လဲ ကိစ္စမရှိတဲ့ ဘာမဟုတ်တဲ့ ကိစ္စလေးကအစ လိုက်ချိုးဖောက်နေတတ်တယ် ဆိုရင်တော့ သူ့မှာ သူများကို လေးစားတတ်တဲ့ စိတ် အာဏာပိုင်နဲ့ မသင့်မတင့် ဖြစ်တတ်တဲ့ ပြဿနာ ရှိနေပြီ။ ဒီလို လူမျိုးနဲ့ တာရှည် လက်တွဲဘို့ နင် စဉ်းစားမှာ မဟုတ်ဘူး မှတ်လား။

၆) ငွေတောင်းခြင်း (Asks For Money)

လူလိမ်လား လူညာလားလို့ သိနိုင်တဲ့ သင်္ကေတတစ်ခုက နင့်ဆီက ငွေလာတောင်းတာပါပဲ။ ဒီလို မတောင်းခံခင်မှာ နင့်ကို ဘာမှ ဥပါဒ်မပေးပဲ လအတန်ကြာ ချတ်နေတတ်ပါတယ်။ ပထမတော့ နည်းနည်းပေါ့ နောက်တော့ ငွေ ပမာဏအများကြီး တောင်းတတ်ပါတယ်။

၇) ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လိုချင်ခြင်း
(Wants Personal Information)

နင့် ပါစင်နယ်တွေ ... ဥပမာ အသက်၊ ဝင်ငွေ၊ နာမည် အစစ်၊ လိပ်စာ၊ တယ်လီဖုန်း၊ စီးပွားရေး စတာတွေကို အရမ်း စပ်စုလာပီ ဆိုရင် ဒါလည်း သင်္ကေတတစ်ခုပါပဲ။ နင် နဲ့ သူ ရဲ့ အွန်လိုင်းမှ ရင်းနှီးမှု့ ရဘို့အတွက် ဒါတွေ မလိုအပ်ဘူးလေ။ ဘာလို့ လာမေးတာလဲ ဆန်းစစ်ကြည့်ဦး...။

၈) အနိုင်ကျင့်တတ်ခြင်း (Loves To Bully)

သူ စိတ်ညစ်အောင်လုပ်တာ၊ အနိုင့်ကျင့်တာ ခံရဘူးလား။ အနည်းအကျဉ်းလောက်ကော...? ခံရဘူးရင်တော့ သူဟာ သူများကို ကြီးနိုင်ငယ်ညှင်းလုပ်တတ်သူ၊ အနိုင်ကျင့်တတ်သူ ဖြစ်ဘို့ များနေပြီ။ အွန်လိုင်းပေါ်ကတောင် ဒီလို အနိုင်ကျင့်တတ်တဲ့၊ စိတ်ညစ်စေတဲ့သူနဲ့ ရေရှည်ဆက်ဆံဘို့ မဖြစ်နိုင်ပါဘူး။

၉) အခုတွေ့ အခုကြိုက်လား
(Professes His Or Her Love In Just A Few Days)

သူနဲ့ အွန်လိုင်းမှာ တွေ့တာ ရက်သတ္တပတ် အနည်းငယ်အတွင်း နင့်ကို ချစ်ရေးဆိုလာလား? နင်တို့ချင်း တွေ့တောင် မတွေ့ဘူးပဲနဲ့လေ။ ဒါဆိုရင် သူမရိုးသားဘူး။ အန္တရာယ်များပါတယ်။ ချက်ချင်း ချစ်တတ်တဲ့သူတွေဟာ ချက်ချင်းမုန်းလွယ်တဲ့ လူစားမျိုးဆိုတာ သဘောပေါက်ထားပါ။ ဒီထက် ပိုဆိုးတာက လူလိမ်လူညာ ဆိုင်ဘာ ရာဇဝတ်သားတွေ အများစုဟာ နင့်ကို ချဉ်းကပ်ဘို့ရာ ချစ်ချင်ယောင်ဆောင်လေ့ရှိပါတယ်....။

၁၀) လူချင်းတွေ့ရအောင် လောဆောနေခြင်း
(Forces You To Meet In Person)

အွန်လိုင်းဘော်ဒါက နင်နဲ့ လူချင်းတွေ့ရအောင် လောဆော်နေတယ်ဆိုရင်.. ခဏလေး ဟိုးထားပြီး သူ့အပြုအမူက ဘာကို ရည်ရွယ်သလည်းဆိုတာ ပြန်စဉ်းစားပါဦး။ အတင်းအဓမ္မကြီး ဇွတ် တစ်ခုခုလုပ်ခိုင်းနေတာလား။ ဒါဆို အနိုင်ကျင့်တာပဲ။ အဓမ္မပြုမူခြင်းက သူဟာ အရမ်း အန္တရာယ်များတဲ့ သူတစ်ယောက်ဖြစ်ကြောင်း သင်္ကေတပါပဲ...။

Source http://www.onlinesecurityauthority.com/thoughts-on-security/10-ways-to-check-if-your-online-friend-is-a-bad-guy/ ကို ဘာသာပြန်ဖော်ပြပါသည်။ ကွဲလွဲချက်ရှိပါက ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ပါသည်။ ၎င်းကွဲလွဲချက်များကို ပြင်ဆင်ဖတ်ရှုကြပါရန်။
/ဧးသိမ်း/
Reply all
Reply to author
Forward
0 new messages