သူငယ်ချင်းရေ…….
ငါမင်းကို ငါ့ရဲ့  သူငယ်ချင်းတစ်ယောက် ဟိန်းကြီး ဆိုတဲ့ သူနဲ့ ပြောဖြစ်ခဲ့တာတွေပြန်ပြောပြချင်တယ်။ အဲဒီ ဟိန်းကြီး ဆိုတဲ့ ငါ့သူငယ်ချင်းနဲ့ တစ်နေ့က Internet ကနေရတဲ့ Email တစ်စောင်အကြောင်း ပြောဖြစ်ကြတယ်။ အဲဒီ Email က ငါတို့ အလေးထားကိုးကွယ်တဲ့ ရွှေတိဂုံ ဘုရားကြီးရဲ့  အလှူခံပုံးတွေ အကြောင်းရေးထားတာလေ။ မင်းလည်း ဖတ်လိုက်ရမယ်ထင်တယ်။ သူနဲ့ငါနဲ့ စစချင်း မယုံနိုင်တဲ့ ၀မ်းနည်းတဲ့ အတွေးတွေနဲ့ ဆွေးနွေးခဲ့ ကြတယ်နော်။ ဘယ်လိုလဲပေါ့။ တကယ်လားပေါ့။
အဲဒီမှာ သူက ပြောခဲ့တယ် ok သူငယ်ချင်းတဲ့။ အဲဒီ အလှူခံပုံးတွေ ကိစ္စက တကယ်ပဲ ထားပါတော့တဲ့။ ငါတို့ဘာလုပ်မှာလဲ။ ရွှေတိဂုံဘုရားကြီးကို မသွားတော့ဘူးလား။ အလှူငွေတွေ မထည့်တော့ဘူးလား။ အဲလို အလှူငွေတွေ မထည့်တော့ဘူးဆိုရင် ဘာဖြစ်မလဲ။ ရွှေတိဂုံဘုရားပဲ အလှူငွေတွေ မရတော့ဘူးပေါ့။ အဲဒီစာ အတိုင်း အလှူငွေတွေကို မထည့်တော့ဘူး ဆိုပါစို့။ တစ်နှစ်ကို သိန်း ၅၀၀၀နဲ့ ကန်ထရိုက်ဆွဲထားတယ် ဆိုတဲ့ အဲဒီ လူမျိုးခြားဆိုတဲ့ စီးပွားရေးသမားက အလှူငွေတွေလျော့သွားရင် စီးပွားရေး အရ တွက်ခြေမကိုက်တဲ့ အလုပ်ကို လုပ်မှာမဟုတ်တော့ဘူး။ ထားပါတော့ တစ်နှစ်ကို ရွှေတိဂုံဘုရားရဲ့  အလှူခံပုံးက နေ ငွေ သိန်း ၅၀၀၀ ကျော်ရတဲ့ အခါရှိမယ်။ မရမယ့် အခါရှိမယ်။ သိန်း ၇၀၀၀ ရတဲ့အခါရမယ်။ သိန်း ၄၀၀၀ ပဲ ရတဲ့ အခါရှိမယ်။ ကန်ထရိုက်ဆွဲထားတဲ့ အတွက်ကြောင့် သိန်း ၅၀၀၀ တော့ ပုံမှန်ရနေမှာပဲ။ အဲ အဲဒါကို အကြောင်းပြုပြီး တော့ ငါတို့တွေက မလှူတော့ဘူးဆိုရင် အဲဒီကန်ထရိုက်ဆိုတဲ့ သူကလည်း ဆက်ပြီး ကန်ထရိုက်ကို သိန်း ၅၀၀၀ နဲ့ ဆွဲတော့မှာ မဟုတ်ဘူး။ အဲဒါဆိုရင် ဘယ်သူကနစ်နာမှာလည်း ငါတို့ အလေးထားတဲ့ ရွှေတိဂုံဘုရားပဲ မဟုတ်လား။ ပြီးတော့ အဲဒီ ကန်ထရိုက်ကိစ္စတကယ်ပဲ ထားပါစို့။ ငါတို့က အဲဒီကိစ္စကို ဆုံးဖြတ်ထားတဲ့ သူတွေကို လေးစားမှုရှိရမယ်။ ရွှေတိဂုံဘုရားကို စီမံခန့်ခွဲနေတဲ့ လူကြီးတွေရဲ့  ဆုံးဖြတ်ချက်ကို လေးစားရမယ်။ သူတို့တွေက ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးပြီးတော့ လုပ်နေကြတာ မဟုတ်ဘူးကွာ။ အဲဒီ email ထဲကလိုပဲ တကယ်ပဲ ထားပါအုံး။ ငါတို့က သူတို့ တိုင်ပင်ဆုံးဖြတ်ထားတဲ့ကိစ္စ တစ်ခုကို လေးစားရမယ်။ ပြီးတော့ အလှူငွေ ကိစ္စကိုပဲ ထားပါတော့။ ငါတို့က ဘယ်လိုစိတ်ထားနဲ့ ဘယ်လိုစေတနာနဲ့ လှူတယ်ဆိုတာကပဲ အဓိကကြတယ်လို့ ထင်တယ်။ အလှူအတန်းဆိုတာ စိတ်စေတနာ ထားတတ်ဖို့က အဓိကပဲ မဟုတ်လား။ အခုတလော ဘာသာရေးနဲ့ ပတ်သက်တဲ့ mail တွေ လိမ့်ဝင်နေတာ ထူးခြားမှုတစ်ခုပဲ။ ဘာသာရေး အဓိကရုဏ်းတွေဖြစ်အောင် လုံ့ဆော်နေသလိုပဲ။ ငါတို့တွေကလည်း သူတို့ရဲ့  လုံ့ဆော်မှုကို သံယောင်မလိုက်မိဖို့ အရေးကြီးတယ်ကွ။ ဒီလို လုံ့ဆောင်စာတွေရေးတဲ့သူတွေက ငါတို့ လူငယ်တွေကို အထင်သေး လွန်းပါတယ်ကွာ။ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘူးများ ထင်နေကြလားမသိဘူးနော်။
သူ့ရဲ့  အတွေးနဲ့ သုံးသပ်ချက်ကို သဘောကျသွားတယ်။ ဟုတ်တယ်လို့လည်းထောက်ခံလိုက်တယ်။ အဲလိုနဲ့ပဲ ဒီနေ့ ညကပဲ အိမ်မှာ အဖေနဲ့ အဲဒီအကြောင်းတွေကို ပြန်ပြောဖြစ်ကြသေးတယ်။ အဖေကပြောတယ်။ ဟိန်းကြီးမှာ အဲလိုအတွေးတွေရှိနေလိမ့်မယ် မထင်ရဘူးနော်တဲ့။ ဒီကောင်က ပျော်ပျော်နေတတ်တယ် လို့ပဲသိထားတာတဲ့။ (သူငယ်ချင်းဟိန်းရေ…မင်းကိုတော့ငါ့အဖေကချီးကျူးလိုက်ပြီဟေ့။) ငါလည်းပြန်ပြောလိုက်ပါတယ်… လူဆိုတာ အပေါ်ယံပဲ ကြည့်လို့မရဘူးလို့။ ပျော်ပျော်နေပေမယ့် သူ့ရဲ့  အတွေးအခေါ်တွေက မြောက်တက်နေချင်နေမှာလို့။
အဲလိုနဲ့ ငါ့ အဖေက သူရဲ့  Philosophy Academic ရှူထောင့်ကနေ ဟိန်းကြီးရဲ့  အတွေးကို သုံးသပ်ပြတယ်။ သားရေတဲ့. ….Information တစ်ခုကိုရလာပြီဆိုရင် အဲဒီ Information မှာပါတဲ့ Facts တွေကို ခွဲခြမ်းစိတ်ဖြာတယ်။ အဲဒီ Facts တွေကို မှန်သလား၊ မှားသလား True or False ဆိုပြီး ပြန်သုံးသပ်တယ်။ အဲလို မှန်လားမှားလား သုံးသပ်တာက Knowledge -based ဖြစ်တယ်တဲ့။ လူရဲ့  အသိပညာနဲ့ပဲ ဆင်ခြင်ပြီး မှန်မှားဆုံးဖြတ်နိုင်တာကိုပြောတာ။ ပြီးတော့ တကယ်လို့မှန်ခဲ့မယ်ဆိုရင်နဲ့  တကယ်လို့ မှားခဲ့မယ်ဆိုရင် ဆိုပြီးတော့ မှန်ရင်ဘာ လုပ်သင့်လဲ မှားရင်ဘာ လုပ်သင့်လဲ Action ကို စဉ်းစားရတယ်။ အဲဒါကို is-ought relation လို့ခေါ်တယ်။ အဲဒီ Action မှာ Result value က Ethic နဲ့ သွားဆိုင်တယ်တဲ့။ Value-judgement Decision ကို ချရတော့မှာကိုး။ လူ့ရဲ့  Moral နဲ့လည်းသက်ဆိုင်တော့မယ်။ ဘယ်လို Principle နဲ့ ဆုံးဖြတ်မှာလည်းဆိုတာ အရေးကြီးလာတယ်။ အကျိုးရလဒ်ကို တွေးတဲ့ Principle နဲ့ ဆုံးဖြတ်မှာလား၊ ကောင်းမွန်တဲ့ စေတနာတစ်ခုကိုပဲ တွေးတဲ့ Principle နဲ့ ဆုံးဖြတ်မှာလား။ အဲဒီမှာ ကွာခြားသွားမယ်တဲ့။
ဒီတွေးခေါ်မှုက သားတို့ရဲ့  Software System တွေလိုပဲ Ethical Thinking System တစ်ခုပဲတဲ့။
အောက်က Diagram ကInformation တစ်ခုကို ခွဲခြမ်းစိတ်ဖြာတဲ့ is-ought relation system တစ်ခုရဲ့  တည်ဆောက်ပုံတစ်ခုပါ။
Information
|
Facts
_____|______
| |
True False (Knowledge based)
| |
If true, what should we do? If false, what should we do? (Action-based,
|___________________________| Value-oriented)
|
(Value/Moral judgment decision has to be made)
So, which principle should we use?
____________|_____________
| |
Results/Benefits-Oriented?? Good Cetana-Oriented??
သူငယ်ချင်း ဟိန်းရဲ့  သုံးသပ်ဆုံးဖြတ်ချက်က positive attitude နဲ့ စေတနာ principle နဲ့ပဲ ဆုံးဖြတ်ထားတယ်။ မြင့်မြတ်တဲ့ ဆုံးဖြတ်သုံးသပ်ချက်တစ်ခုပဲလို့ ပြောတယ်။ ရွှေတိဂုံဘုရား အလှူခံပုံးကိစ္စက မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်။ တကယ်လို့ ဖြစ်ခဲ့မယ်ဆိုရင်တောင် အကောင်းဆုံး စဉ်းစားတွေးခေါ်သွားနိုင်တဲ့ သူငယ်ချင်းဟိန်းကို လေးစားမိတာကတော့ အမှန်ပဲကွာ။ မင်းကိုလည်း အခွင့်အရေးရရင် သူနဲ့ မိတ်ဆက်ပေးချင်တယ်ကွာ။ သူကလည်း မင်းလိုပဲ အရမ်းခင်ဖို့ကောင်းတယ်ကွ။ ငါလည်းသူ့ ရဲ့ စဉ်းစားပုံ စဉ်းစားနည်းကို သဘောကျတာနဲ့ philosophy ရှုထောင့်နဲ့ သုံးသပ်ဖြစ်တာကို မင်းကို ပြောပြဖြစ်လိုက်တာပါ။
သူငယ်ချင်းရေ….ရွှေတိဂုံ ဘုရားကြီးရဲ့  အလှူခံပုံးတွေ အကြောင်းကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့ကနေပြီးတော့ ဂျာနယ်တစ်ဆောင် ကနေပြီး ရှင်းလင်းချက်တွေ ထွက်ပြီးပါပြီ။ အဲဒီ email ကပြောထားတာတွေက လုံးဝမမှန်ကန်ပါဘူး။ ရွှေတိဂုံဘုရားက အလှူခံပုံးတွေက ငွေတွေကို ညတိုင်းသိမ်းစည်းပြီးတော့ ဘုရားလူကြီးများကိုယ်တိုင် သက်မှတ်ထားတဲ့ ရွှေတိဂုံဘုရားရဲ့ ဘဏ်စာရင်းကို အပ်ပါတယ်။ ပြီးတော့ ဘုရားရဲ့  လိုအပ်ချက်တွေကို ဂေါပကအဖွဲ့ဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးတော့ အသုံးချတယ်လို့ ရှင်းလင်းထားပါတယ်။ ကန်ထရိုက်ပေးတယ်ဆိုတာလည်း ဘုရားဝင်းအ၀င် ကားဝင်ခွင့်ကိစ္စ၊ သန့်ရှင်းရေးကိစ္စတွေကိုသာ ပေးထားတာလို့ ဖြေရှင်းထားပါတယ်။
အဲဒီ email ကိစ္စကိုကြည့်ရင် internet ကို လူတွေရဲ့  အသုံးချမှုတချို့ လွဲမှားနေတယ်ဆိုတာကို သိလိုက်ရတယ်။ email တိုင်းကို Forward လုပ်မိရာကနေ မရည်ရွယ်ပဲ အသုံးချခံလိုက်ရတယ်။ အဲဒီတော့ သူငယ်ချင်းရာ..ငါတို့အတွက် အကျိုးမရှိမယ့် email တွေကို အခုကစပြီး ဘယ်လိုပဲ ရောက်လာလာ Forward မလုပ်ပဲ၊ ငါတို့ အတွက် အကျိုးရှိမယ့် email တွေ၊ ကောင်းသတင်း email တွေ၊ စိတ်ကို ပျော်ရွှင်စေမယ့် email တွေ အသိပညာတိုးပွားစေမယ့် email တွေကိုပဲ ရေးကြ Forwardလုပ်ကြတာပေါ့ကွာ။ အဲဒီ email ဆိုရင် စိတ်အနှောက်အယှက်ပေးတဲ့ email မျိုးပဲပေါ့နော့်။ အဲဒီ mail ကို Forward လုပ်လာတဲ့ သူငယ်ချင်းကို အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ မင်းကတော့ ငါ့ကိုသိစေချင်တဲ့ စေတနာနဲ့ ပို့လာတယ်ဆိုတာ ငါနားလည်ပါတယ်ကွာ။ ဒါမှလည်းငါတို့ ဆွေးနွေးသုံးသပ်နိုင်မှာပေါ့။ စိတ်ဆိုးပြီး ဘယ်တော့မှ mail မပို့တော့ဘူးတော့ မလုပ်ပါနဲ့ကွာ။ ဒါပေမယ့် သူငယ်ချင်းရာ မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေဆိုတော့ ဒီလိုပဲ ပြောဖြစ်သွားတာပါ။
ok! သူငယ်ချင်းရေ။ နောက်မှပေါ့။ ငါလည်း လက်ငြောင်းပြီ။
မင်းကိုခင်တဲ့၊
KG,
From အလင်းစေတမန်
http://groups.google.com/group/a_lin_say_ta_mum?hl=en
သူငယ်ချင်းရေ………
လိမ်ညာပြီး အလှူခံတဲ့သူတွေကြောင့် သူငယ်ချင်း စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုတာကို သိရလို့ စိတ်မကောင်းပါဘူးကွာ။ ပြီးတော့ မျိုးချစ်စိတ်ရှိတဲ့သူငယ်ချင်းအကြောင်းသိရတာ ဂုဏ်ယူပါတယ်။
အင်း….လှူဒါန်းခြင်း၊ ဒါန နဲ့ပတ်သက်ပြီး ကျွန်တော်အပါဝင် အချို့ အချို့ သောသူတွေက အယူအဆ လွဲမှားနေတတ်ကြပါတယ်။ လှူဒါန်းခြင်းဆိုတာ မိမိပိုင်ဆိုင်သောအရာတစ်ခုခုကို စွန့်လွှတ်ခြင်းကို ဆိုလိုပါတယ်။ လှူဒါန်းခြင်းဆိုတာ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ် တစ်ခုပါပဲ။
ဆိုကြပါစို့။ လိမ်ညာပြီးအလှူခံသူကို လှူဒါန်းတာနဲ့ အမှန်တကယ်အလှူခံသူကို လှူဒါန်းတာ ဘာကွာပါသလဲ။ ဒီနေရာမှာ စိတ်စေတနာအပြည့်နဲ့လှူဒါန်းခြင်းကိုပဲကြည့်ကြပါမယ်။ ဘယ်သူကိုပဲ လှူဒါန်းတာပဲ ဖြစ်ဖြစ် လှူဒါန်းခြင်းပါပဲ။ အဲဒါကြောင့် ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်တစ်ခုပါပဲ။
လူလိမ်က ရွှေတိဂုံဘုရားကြီးကို အကြောင်းပြုပြီး လိမ်ညာအလှူခံတာဖြစ်စေ တကယ့်ကို ရွှေတိဂုံဘုရားကြီးအတွက်အလှူခံတာပဲဖြစ်စေ ကိုယ်က ရွှေတိဂုံဘုရားကြီးကို ရည်စူးပြီး စိတ်စေတနာအပြည့်နဲ့ လှူဒါန်းရင် ရွှေတိဂုံဘုရားကြီးကို လှူဒါန်းတာပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ ရွှေတိဂုဏ်ဘုရားပါပဲ။ လူလိမ်အလှူခံကိုဖြစ်စေ၊ အမှန်အလှူခံကိုဖြစ်စေ အလှူခံပုဂ္ဂိုလ်လို့ မပြောနိုင်ပါဘူး။ ရွှေတိဂုံဘုရားကို လှူဒါန်းတယ်ဆိုတာ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်တစ်ခုပါပဲ။ လာပြီး အလှူခံတဲ့သူ၊ အလှူခံပုံး၊ အလှူခံခွက်စတာတွေဟာ ကြားခံတွေဖြစ်ပါတယ်။ ကြားခံတွေဟာ ကောင်းမှုပြုခြင်း၊ ကုသိုလ်အလုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်ရည်စူးတာသာ အလှူခံပုဂ္ဂိုလ်မည်ပါတယ်။
အကျိုးကျေးဇူး အနေနဲ့ ပြောရရင်……လှူဒါန်းတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်အပေါ်မူတည်ပြီး ရရှိမယ့် ကုသိုလ်အကျိုးကျေးဇူးက မတူညီနိုင်ပါဘူး။ အလှူခံပုဂ္ဂိုလ်ရဲ့  သီလ၊ သမာဓိ၊ ပညာ အပေါ်မှာ မူတည်ပြီး ရရှိလာမယ့် ကုသိုလ်အကျိုးဆက်က ကွာခြားနိုင်ပါတယ်။ မရဘူးလို့မပြောပါဘူး။
လှူဒါန်းတဲ့အခါမှာ ကာယကံ၊ ၀စီကံ၊ မနောကံစတဲ့ ကံသုံးပါးနဲ့လှူတယ်ဆိုရင် အကျိုးကြီးပါတယ်။ ဆိုလိုတာက စေတနာကောင်းအပြည့်ဆိုရာမှာ လက်ကလှူဒါန်းပေးကမ်းခြင်းသာမက၊ နှုတ်မှလည်း စွန့်လွှတ်လှူန်းကြောင်း နဲ့ စိတ်နှလုံးသားမှလည်း စေတနာကောင်းအပြည့်နဲ့ လှူဒါန်းရင် ပိုပြီး ကုသိုလ်အကျိုးကြီးပါတယ်။
အမှန်တကယ် မလှူခင်၊ လှူနေဆဲ၊ လှူဒါန်းအပြီးမှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့  စိတ်စေတနာ အပေါ်မှာ လည်း မူတည်ပြီး ကုသိုလ်အကျိုးကွာခြားနိုင်ပါတယ်။
မင်းတို့ပြောတဲ့ရွှေတိဂုံပေါ်ကအလှူခံပုံးတွေအကြောင်းကို
ငါဘက်ကနေသုံးသပ်ကြည့်မယ်နော်။
ကြားကြားချင်းတော့ ငါလဲတုန်လှုပ်မိတယ်-
ဘာသာရေးအထိကရုံးလဲမဖြစ်စေချင်ပါဘူး -
ဒါပေမဲ့ ငါကလူတမျိုးကွ ဈေးဝယ်ရင်တောင်မှဖြစ်နိုင်ရင်
ဘာသာခြားဆီမှာဈေးမ၀ယ်ဘူး။
ဘာသာသူတဲ့သူကိုမှအားပေးတာ- ဒါမှသူတို့အမြတ်အစွန်းရရင် စေတီပုထိုးနဲ့-
သာသနာကိုစောင့်ရှောက်တဲ့ရဟန်း-သံဃာတွေဆီကိုရောက်မယ်လို့ငါထင်တယ် ။
ဒါမှသာသနာ5000ဆိုတာမပိုရင်တောင်မလျှော့တော့ဘဲ
သာသနာအဒွန့်ရှည်နိုင်မယ်လို့ယုံကြည်တယ်လေ။
မင်းလဲအလှူ လှူဖူးမှာပေါ့နော် -
မင်းလှူ
ထားတဲ့အရာတခုကိုမင်းနောင်တကြိမ်ဘုရားလာဖူးရင်မင်းလှူထားတဲ့နေရာမှာရှာကြည့်မှာဘဲမဟုတ်လား
ကဲ---ကန်ထရိုတ်ကိစ္စကိုပြောမယ်နော် ငါကလက်တွေ့နော် --
ကျိုတ်ထီးရိုးဘုရားရင်ပြင်တော်မီးမလောင်ခင်က
ကျီကန်းပါးစပ်သွားတဲ့လမ်းကိုလှေခါးထစ်လေးတွေလုပ်ဖို့အလှူခံခဲ့လို့ငါလှူခဲ့တယ်
နောက်မီလောင်လို့ပြုပြင်ပြောင်းလဲပြီးတဲ့နှစ်ဖွင့်ပွဲလုပ်တဲ့နေ့ငါ
ကျိုတ်ထီးရိုးကိုနောက်တကြိမ်ရောက်ခဲ့တယ် ။
အဲ့ဒီကျီးကန်းပါးစပ်လှေကားထစ်လဲ မပြုရသေးတာဒီနေ့ထိပါဘဲ။
အဲ့ဒီအခေါက်မှာဘဲ ဖားဘုရားမှာထီးတော်အလှူခံလို့
ရှေ့ကထီးတော်တင်ပြီးသွားကာရှိသေးတယ် 10မိနစ်တောင်မရှိသေးဘူး-
ပြန်ချပြီးနောက်တယောက်ကိုရောင်းနေတယ်လေ
အဲ့ဒီမှာငါစုံစမ်းကြည့်တော့ကထရိုတ်ယူထားတာတဲ့။
(ကောင်းပြီဘာဘဲပြောပြောမင်းကိုမေးမယ် ကန်ထရိုတ်ရတဲ့သိန်း5000ကို
ဘယ်သူကဘယ်လိုအသုံးပြုလိုက်လဲ)
> --
> အလင်းစေတမန် မှ ဖြစ်ပါသည်။
>
> သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍
> ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။
>
> အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက
> a_lin_sa...@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င်
> အားလုံးဆီသို့ ရောက်ရှိပါမည်။
>
> ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post
> ခွင့်ပြုပေးလျက်ရှိပါသည်။
>
> သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက
> a_lin_say_ta_m...@googlegroups.com
> သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။
>
> အခြား အကြောင်းအရာများကို သိချင်ပါက အဖွဲ့၏ Home Page မှကြိုဆိုပါတယ် ။
> အောက်ပါ လိပ်စာသို့ ကလစ်နှိပ်၍ ၀င်ရောက်လေ့လာနိုင်ပါသည်။
> http://groups.google.com/group/a_lin_say_ta_mum?hl=en?hl=en
>
> ကျေးဇူးတင်ပါတယ်ဗျ။
> Admin
> အလင်းစေတမန်